|18|

5.6K 893 72
                                    

《Unicode》

အပိုင်း (၁၈)
ယွီချန် ကြာပန်းဖြူလေးအား အေးစက်စွာ ငြင်းလိုက်သဖြင့် ကြာပန်းဖြူလေး အသဲကွဲသွားရှာပြီ

" မဝင်ခိုင်းနဲ့ ။ လင်ပိုင်ကို ဖုန်းပေးလိုက် " ယွီချန် ညွှန်ကြားသည် ။

လက်ထောက်မှ လင်ပိုင်အား ဖုန်းလွှဲပေးလိုက်သည် ။

လင်ပိုင်ယူကာ နူးညံ့စွာဖြင့် " အစ်ကိုချန် "

ယွီချန် တည်ငြိမ်စွာ ခွန်းတုံ့ပြန်သည် " ရှောင်ပိုင် အနာဂတ်မှာ ငါ့ကုမ္ပဏီကို မလာပါနဲ့ ။ မင်းအကူအညိလိုရင် မင်းအစ်ကိုကို အရင်အကျိုးအကြောင်းပြော ။ သူကလိုအပ်တယ်ထင်ရင် ငါတို့ကူညီမယ် ။ မဟုတ်ရင်တော့ မကူညီနိုင်ဘူး ။ ငါ လုပ်စရာရှိသေးတာမို့ နောက်ကျ မင်းအစ်ကိုကိုဘဲ ဆက်သွယ်လိုက် "

လင်ပိုင် ဖုန်းကျသွားသည့် အသံကြားပြီး ဖုန်းအားကြောင်တောင်တောင်အမူအရာနှင့် စိုက်ကြည့်နေမိသည် ။ သူ့တစ်လုံးမှတောင်‌ပေးမပြောဘဲ ဘာလို့များဖုန်းကိုင်သေးလဲ ? လင်ချင်းကိုဖုန်းဆက်ဖို့ ပြောတာ ယွီချန် ရူးများသွားလား ?

သူ လင်ချင်းနဲ့တွေ့ခဲ့သည်အား ပြန်တွေးကာ တစ်ကိုယ်လုံး ခုခံမှုအဖြင့်ဖြင့် ဆတ်ဆတ်ခါသွားတော့သည် ။ လုံးဝ မမှတ်မိချင်တဲ့အရာ ။

ထို့ကြောင့် သူ လက်ထောက်အား ယွီချန်ဆီဖုန်းထပ်ခေါ်ခိုင်းလိုက်သည် ။

" လူကြီးမင်းယွီ က အစည်းအဝေးတက်နေပါတယ် ခဏစောင့်ပေးပါ " လက်ထောက်မှ ဆိုသည် ။

လင်ပိုင် စပ်စုမိသည် " သူဘယ်သူ့နဲ့ စကားပြောနေတာလဲ ? "

" မသိပါဘူး " လက်ထောက် ဖြေလိုက်သည် ။

လင်ပိုင် မျက်မှောင်ကြုတ်ကာ မပျော်မရွှင်ဖြစ်နေ၏ ။ သူ မနေ့က ယွီချန်အား လာ‌တွေ့သော်လည်း မရှိကြောင်းသာ သိခဲ့ရသည် ။ ထို့ကြောင့် ဖုန်းခေါ်ပြန်တော့လည်း မကိုင် ။ သူ ယွီချန်အား ဘယ်ချိန်ပြန်လာမလဲ မေးခဲ့သော်လည်း ယွီချန်ကတော့ အဖက်ကိုမလုပ်ပေ ။

ဒါက ပြဿနာမဟုတ် ။ ယွီချန်သေချာပေါက် သူ့ကိုဂရုစိုက်သည်ပင် ။ တစ်ခုခုဖြစ်တိုင်း ယွီချန်က အမြဲသူ့အတွက်ရှိနေပေးသည်သာ ။ သူတို့သဘောထားကွဲလွဲခဲ့ရင်တောင် ယွီချန်က သူ့ကိုဘယ်တော့မှ လစ်လျူမရှုခဲ့ဘူး ။ ဒီတစ်ခါကျ ယွီချန်ဘာလို့ အသည်းနှလုံးမရှိရတာလဲ ?!

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now