|54.2|

3.2K 551 68
                                    

《Unicode》

အခန်း (၅၄.၂)
Manual gear ထိုးပြီ !

[ လင်ပိုင် : ကျွန်တော်လည်း သဘောကျတယ် ! ]

လင်ပိုင်နိုးလာတော့ မနက် ၁၀ပင်ထိုးပြီးနေပြီဖြစ်သည်။

သူရှေ့ရှိပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် စက္ကန့်အနည်းငယ်အကြာမှာ ဆေးရုံတွက်ရောက်နေကြောင်း သဘောပေါက်သွားသည်။

" နိုးပြီလား "

လင်ပိုင်ခေါင်းလေးစောင်းလာတော့ မဝေးတဲ့နေရာမှာ လင်ချင်းထိုင်နေသည်အား မြင်လိုက်ရသည်။

သူ ချက်ချင်းဝမ်နည်းလာရသည်။

" မနေ့က ဘာလို့ကျွန်တော့်ဖုန်းကို မဖြေတာလဲ ? "

သူဆိုလိုသည့် မနေ့ညဆိုသည်မှာ သူ့အစာအိမ်ကို ရှင်းလင်းသန့်စင်ပြီး ဆေးရုံထဲတွင် တစ်ယောက်တည်း အထီးကျန်နေချိန်ဖြစ်၏။

လင်ချင်း မနက်မိုးသောက်လို့ အိပ်ရာထတော့ လင်ပိုင့်ဆီမှ များစွာသော missed call များအားတွေ့ခဲ့ရပေသည်။ လင်ပိုင်ဖုန်းခေါ်ချိန်က သူနှင့် ယွီချန်တို့ manual မောင်းနှင်ခြင်းဖြင့် ရှုခင်းအလှတို့ကို ရှုစားပျော်မွေ့နေချိန်ဖြစ်ကြောင်း မှတ်မိပါသေးသည်။ သူ့မှာ ဖုန်းကိုဂရုစိုက်ဖို့ ဘယ်နှယ့်အချိန်ရှိမတုံး ?

" ငါ အဲ့အချိန်စူးယွဲ့နဲ့ သူ့ဘော်ဒါတွေကို ထိပ်တိုက်တွေ့နေရတာဆိုတော့ သတိမထားမိလိုက်လို့ " လင်ချင်းတည်ငြိမ်အေးဆေးစွာ ဆိုသည်။ သူ့မျက်နှာ နီမြန်းမနေသလို နှလုံးခုန်လည်း ဒုန်းဆိုင်းမနေချေ။

" ငါမင်းကို ခေါ်ထုတ်သွားထဲက စူးယွဲ့နဲ့တခြားသူတွေက ကျေနပ်မှာမဟုတ်ဘူးဆိုတာ သိသင့်တယ်.. ငါ မင်းအတွက် အကျိုးဆက်တွေကို သွားမဖြေရှင်းသင့်ဘူးလား ? "

လင်ပိုင် ပြောတာနားထောင်ရင်း ထူးထူးခြားခြား အပြစ်မကင်းသလို ခံစားလာရသည်။

" ကျေးဇူးတင်ပါတယ် "

အို ? လင်ပိုင့်ရဲ့ ကျေးဇူးတင်ပါတယ် ကြားပြီး နေထိုင်မကောင်းချင်တော့ဘူး။

" ရပါတယ် " လင်ချင်းပြောသည်။
" မင်းအခုအဆင်ပြေနေလို့ တော်ပါသေးတယ် "

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now