|43.2|

3.9K 743 28
                                    

《Unicode》

အခန်း (၄၃.၂)
“ ကိုယ့်အပေါ်မှီခိုအားထားကြည့်ပါနော် ”

ချင်ယန့်ယွီ ငိုလို့ပြီးသောအခါ သူမ၏အဝတ်လဲခန်းဆီပြန်ရန်ပြင်နေစဉ် မဝေးတဲ့နေရာမှ လင်ချင်းနဲ့ ယွီချန်အတူယှဉ်တွဲလျှောက်လာနေသည်အား မြင်လိုက်ရသည်။

လင်ချင်း ယွီချန်ကို တစ်ခုခုပြောနေပုံရပြီး ယွီချန်ကခေါင်းလေးစောင်းလို့ သေချာနားထောင်ပေးနေသည်။

ချင်ယန့်ယွီ တိတ်ဆိတ်စွာသူတို့အားကြည့်နေရင်းမှ အကြည့်တို့ အောက်ကိုပို့လိုက်သောအခါ တစ်စုံတစ်ခုကို သဘောပေါက်သွားရသည်။

သူ လင်ချင်း၏ အကျကျယ်ကျယ်ကြီးများအတွင်းထဲကိုကြည့်မိတော့ ယွီချန်၏ အနက်‌ရောင် jacket လက်အကျကို မြင်လိုက်ရသည်။

သူတို့ တကယ်ကြီး လက်ကိုင်ထားကြတာ !

ချင်ယန့်ယွီ လုံးဝမယုံကြည်နိုင် !

ယွီချန်က လူမြင်ကွင်းမှာကို သူ့လက်ကိုကိုင်ထားတာ လူတိုင်းရဲ့နှာခေါင်းအောက်မှာလေ !

ယွီချန်များ... သူတကယ်ကြီး သူ့ကိုသ‌ဘောကျနေတာလား ?

ခဏကြာတော့ လင်ချင်း နဲ့ယွီချန်လက်ကိုင်ထားတာ ဖြုတ်လိုက်ကြသည်။ အဆုံးကျ သူတို့က လူတိုင်းရှိနေတဲ့ ရိုက်ကွင်းမှာဆိုတော့ အချိန်ခဏလောက်သာ အကျွမ်းတဝင်တရင်းတနှီး နေရဲပေသည်။

လင်ချင်း လက်ကိုပြန်ရုတ်လိုက်ကာ လက်တွင်ကျန်နေခဲ့သော အနွေးဓာတ်ငွေ့ငွေ့ကို ခံစားရင်း သူတို့၏ ကနေဦးစကားဝိုင်းနဲ့ ယွီချန်တစ်ယောက် မတော်တဆလိုလို ဘာလိုလိုနှင့် ကူလီကူမာဟန်ဆောင်ပန်ဆောင် လက်လာကိုင်ခဲ့ပုံအား ပြန်အမှတ်ရမိသည်။

သူဘာမှပြန်မပြောဘဲ လာရောက်ဆုပ်ကိုင်လာသော လက်တစ်ဖက်အား လက်ခံခဲ့ပြီး လမ်းဆက်လျှောက်ခဲ့သည်။

'အရမ်း ဖြူစင်အပြစ်ကင်းတာဘဲ' လင်ချင်းတွေးမိရသည်။ မူလတန်းကျောင်းသားလေးများသာ လက်ကိုင်ရတာနှစ်သက်တယ်ဟု တွေးခဲ့တာ။ မမျှော်လင့်ဘဲ ဒီလူကြီးယွီချန်ကလည်း အဲ့ဘုစုခရုတစ်သိုက်လို ဖြစ်နေပါရောလား။

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Wo Geschichten leben. Entdecke jetzt