|51|

3.7K 661 53
                                    

《Unicode》

အခန်း (၅၁)
"ကိုယ်အခုလက်ရှိမင်း‌လေးကိုဘဲ ပိုပိုပြီးသဘောကျပါ့မယ်"

[ရှုးထုန်ရဲ့ ဆုံးဖြတ်ချက်]

လင်ချင်း သူထွက်သွားတာကြည့်ရင်း သက်ပြင်းခပ်ဖွဖွချလာသည်။

" မင်း ကိုယ့်ဘာသာအရမ်းတွန်းအားပေးနေတာဘဲ "

ယွီချန်ဆိုသည်။

" သိသိသာသာကို မင်းမိဘတွေကိုအသိပေးပြီး သူတို့ကိုဖြေရှင်းခိုင်းလည်းရနေတာဘဲ.. ကိုယ့်ဘာသာအကုန်လုပ်ဖို့ ဆုံးဖြတ်ထားတာ မပင်ပန်းဘူးလား ? "

" ကျွန်တော်အဆင်ပြေပါတယ် "

လင်ချင်းပြုံးသည်။

" အဲ့လောက်လည်း မပင်ပန်းပါဘူး ဒီအတိုင်း လူ့သဘာဝတွေပါနေတဲ့ မတော်တဆမျိုးက အမြဲနည်းနည်းလောက်စိတ်ဒုက္ခပေးရုံပါ "

" အဲ့ဒါတောင် မင်းလေးက အရာအားလုံး တာဝန်ယူထားတယ် "

လင်ချင်းပြုံးသည်။ သူ ယွီချန်ပခုံးပေါ် ခေါင်းတင်ကာ မှီလိုက်ပြီး အလျင်မလိုဘဲ ပြန်ဖြေလာသည်။

" အင်းလေ ကျွန်တော့်မိဘတွေကို 100% သိတယ် မပြောနိုင်ပေမဲ့ သိသင့်သလောက်တော့ သိပါတယ်.. သူတို့ကို အခုပေးသိလိုက်ရင် သူတို့ရှုးထုန်ဆီသွားပြီး မင်းကမှ သားအရင်းပါပြောပြီး ပြန်ခေါ်ကြမှာ.. ရှုးထုန်က အဲ့အချိန်ငြင်းတာဖြစ်ဖြစ် ပြန်မလိုက်ချင်ဘူးတွေဖြစ်လာရင် ရှုးထုန်မိဘတွေကိုသွားရှာပြီး ရှုးထုန်က သူတို့သားအရင်းမဟုတ်တာကြောင့် မိဘအရင်းတွေဆီပြန်ပေးသင့်တယ်ဆိုပြီး ပြန်ခေါ်လို့ရအောင် သွားပြောကြမှာ "

" ရှုးမိသားစုအတွက် ဒီကိစ္စက အရမ်းရုတ်တရက်ဆန်ပြီး ပြင်းထန်တယ်.. ရှုးမိသားစုက ဒီပရမ်းပတာဖြစ်မှုရဲ့ အဆုံးနေရာကို မလွဲမသွေရောက်သွားပြီး ကျွန်တော့်မိဘတွေ ဦးဆောင်ရာနောက်ဘဲ လိုက်နေရမှာ.. ဒါမဲ့ ရှုးမိသားစုက ဘာအမှားများ လုပ်မိခဲ့လို့လဲ ? "

" ထပ်‌လောင်းပြောရရင် လင်ပိုင်က အခုလင်မိသားစုကနေ ထွက်မသွားချင်သေးဘူး.. ကျွန်တော့်မိဘတွေက သူ့ကို နှစ်အကြာကြီး ပျိုးထောင်လာခဲ့တာမို့ သူ့ကို အချစ်ပိုကြတယ်လေ.. အဲ့အချိန်ရောက်လာလို့ လင်ပိုင်က မျက်ရည်လေးနည်းနည်းဆမ်းပြလာရင် သူတို့ကစိတ်ပျော့ပြီး လင်ပိုင်ကိုအိမ်မှာပဲ ခေါ်ထားပြီး တစ်ချိန်တည်းမှာပဲ ရှုးထုန်ကို ပြန်လာဖို့ဖိအားပေးနေရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ ? "

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now