|4|

7.3K 1.1K 39
                                    

《Unicode》

အခန်း (၄)
အိပ်ရာပေါ်ရောက်ရင်တော့ သူသေချာပေါက်ငိုစေရမယ် !

ယွီချန် လှေကားအားတက်နေရင်းပင် သူအမှတ်တမဲ့လှည့်ကြည့်မိရာ စားပွဲပေါ်ဦးခေါင်းတင်ကာ အိပ်ပျော်နေသော လင်ချင်းအားတွေ့လေသည်။

သူ့ခြေလှမ်းတို့ရပ်သွားပြီးနောက်... မြန်မြန်ဘဲ အခန်းဆီသွားလိုက်တော့သည်။

ရေချိုခန်းရှိမှန်ရှေ့တွင်ရပ်တော့ ယွီချန် သူ့နှုတ်ခမ်းတို့ပေါက်နေတာ တွေ့လိုက်ရသည်။ သိပ်မသိသာသော်လည်း ဤအရာတို့သည် ခုနကအောက်တွင်သူနှင့် လင်ချင်း မည်သည်တို့ကို ပြုလုပ်ခဲ့ပါကြောင်း သတိပေးနေသလိုဖြစ်နေသည်။

သူ မျက်လုံးတို့ကို တိတ်ဆိတ်စွာမှိတ်လိုက်သည်။

သူ လင်ချင်းနှင့်လက်ထပ်ထားပြီး အဆင်ဆင်ပြေပြေနေသွားချင်သော်လည်း သူ လင်ချင်း၏စရိုက်ကို သဘောမတွေ့လှပါ။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှုထားပြီးသာ ဆက်ဆံဖို့ လိုလားခဲ့သည်။ ကာမစပ်ယှက်ခြင်းဟူသည့်အမှုအတွက်ကား.... ယွီချန် အဆင့်မကျော်ချင်ပါ။

သူကိုယ်တိုင်က တခြားသူများနှင့် ရင်းနှီးလွန်းသည့်*ဆက်ဆံရေးမရှိခဲ့သော နူးညံ့သောစရိုက်ရှိသူတစ်ဦးပီပီ...သူနှင့်လင်ချင်းတို့ ပွေ့ဖက်ခြင်း နမ်းရှိုက်ခြင်း အမှုကိုဘဲ လအနည်းငယ်လောက် ဦးစွာပြုမည်ဟု ရည်ရွယ်ထားခဲ့သည်။

(ကားမောင်းတာပြောနာ ><)

သို့သော်လည်း အရက်မူးနေသောလင်ချင်းကတခြားလူတစ်ယောက်လို ဖြစ်သွားလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

ထွက်ချင်တဲ့အပေါ်ကထွက်လာတဲ့ သတ္တိ‌တွေနဲ့သူ့ကိုပြင်းပြင်းပြပြနမ်းရဲပြီး သူနဲ့အတူတောင် ကလေးတွေအတွက်မသင့်လျော်တာ‌ကို လုပ်ချင်နေသေးတာ !

ဒီလိုဖြစ်ပျက်နေတာကိုများ အပြင်ထွက်ပြီး အရက်သောက်ရဲသေးတယ် ?

ဘုရားမတာ... ရွှီဟန်အဲ့မလောက်လေးမလောက်စားကို စောစောတွေ့ပေလို့ မဟုတ်ရင်ဒင်းကခုလောက်ဆို အဲ့ကိစ္စတွေထိုင်လုပ်နေမှာ ! ဒေါသထွက်စွာဖြင့် မနက်ဖြန် သူလင်ချင်းအား အခန်းထဲပိတ်ထားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now