Part - 23 (Z+U)

8.4K 1.2K 45
                                    

🍼 မင်းရဲ့ ခန္ဓာကိုယ်က သူ့ကိုတောင့်တနေတာ |Uni


"မင်းဘာလို့ သူ့ကိုသွားမကြိုခဲ့ရတာလဲ?"


အိပ်ခန်းတံခါးကတွန်းဖွင့်ခြင်းခံလိုက်ရပြီး ၊ ဟယ်ကျိုးလည်း ခေါင်းလှည့်ကာကြည့်လိုက်တော့ တံခါးဝနားမှာရပ်နေတဲ့ သူ့အဖေကိုတွေ့လိုက်ရတယ်။


အဖေဟယ်က အရပ်ရှည်ရှည်ခပ်ထွားထွားအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ရင်ဘတ်မှာ တောက်ပနေတဲ့တံဆိပ်မြောက်မြားစွာကပ်လို့ထားတဲ့ စစ်ဝတ်စုံကိုဝတ်ဆင်ထားတာဖြစ်တယ်။ မီခိုးရောင်ဆံသားတွေကို အနောက်သို့သေသပ်စွာ သပ်တင်ထားပြီး မျက်မှောင်ကြုံ့လို့ထားတာကြောင့် သူ့ရဲ့နှဖူးနဲ့မျက်ခုံးကြားက အရေးအကြောင်းတွေဟာလည်း သိသာထင်ရှားလို့နေတယ်။


သူ့ရဲ့မျက်နှာက ဆူပုတ်လို့နေကာ သူ့ရဲ့မျက်လုံးတွေဟာလည်းတောက်လောင်လို့နေပြီး သူ့ကိုယ်ကနေ ခြိမ်းခြေက်တဲ့ရောင်ဝါတွေထုတ်လွှတ်လို့နေတယ်။


သူကအခုမှ အထူး-အစည်းအဝေးကနေ ပြန်လာတယ်ဆိုတာ သိသာလှသည်။



"ကျွန်တော်ကျောင်းမှာလုပ်စရာ ကိစ္စတစ်ချို့ရှိနေလို့ပါ။ သူငယ်ချင်းတစ်ယောက်ကလည်း လေယာဉ်ကွင်းသွားတာကြုံတာနဲ့ -"



ဟယ်ကျိုး စကားကိုဆုံးအောင်မပြောလိုက်နိုင်ခင်မှာဘဲ၊ တစ်စုံတစ်ခုကသူ့ဆီပျံလာတာကြောင့် သူလည်း ရှောင်ဖို့ခေါင်းကိုလှည့်လိုက်တယ်။


တစ်စုံတစ်ခုက ကြမ်းပြင်ပေါ်ကျသွားပြီး၊ သေချာကြည့်လိုက်တော့ သော့တွဲတွေမှန်း သိလိုက်ရတယ်။


ဟယ်ကျိုးရဲ့ နှုတ်ခမ်းကတင်းတင်းစေ့သွားကာ၊ ကျောကိုလဲမတ်လိုက်ပြီး တိတ်ဆိတ်လို့သွားခဲ့တယ်။



"ငါ့ကို ဆင်ခြေဆင်လက်တွေမပေးဖို့ မင်းကိုမသင်ထားခဲ့ဘူးလား?"



ဟယ်‌ရှောင်းက သူ့လက်နှစ်‌ဖက်ကိုနောက်ပစ်ကာ သူ့နှုတ်ခမ်းတွေဟာလည်း အနည်းငယ်မဲ့လို့နေတယ်။


အိပ်ခန်းကျယ်ကြီးထဲတွင် လေထုကတင်းကြပ်လို့လာခဲ့တယ်။



『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now