Arc.3.2

2.2K 232 39
                                    

"ကျွတ် ကျွတ်"

"ဖြူလုံးလေး နိုးလာပြီလား ကိုယ်စိတ်ပူနေတာ သက်သာလား"

"ဒီမှာသူကြီး လူကြီးဖြစ်ပြီး မျက်စိအားနည်းနေသလား တစ်ကိုယ်လုံး မဲနေသူကို အကဲပိုသူလို ဖြူလုံး ဖြူလုံး လုပ်နေရအောင် ဘာလဲ ရွဲ့တာလား"

"မဟုတ်ပါဘူးကွာ မင်းပါသာ အသားဘယ်လောက်မဲမဲ ကိုယ့်အတွက် ဖြူလုံးလေးပဲ မင်းက ဥသြလေးလိုပဲ အသားသာမဲတာ ကိုယ့်အတွက်နှစ်လိုသာယာဖွယ်ရှိတယ်"

"ဥသြ ဆိုတာ ကျုပ်ပြောစရာမလိုအောင်ကို ခင်ဗျားသိနေတာပဲ သာယာဖွယ် ဖြစ် မဖြစ်တော့ မသိပေမယ့် နာတာဖွယ် အဖြစ်တွေနဲ့ တစ်ကောင်ထဲ ထောင်ထဲမှာ ကျနေတဲ့ လူတစ်ဦးလို အဖော်မဲ့နေတဲ့ ငှက်ငယ်လေးပါ"

"ဟုတ်တာပေါ့နော် ကိုယ့်ဘဝကလည်း ဥသြငှက်လိုပါပဲ ဖြူလုံးလေးရယ် အထီးကျန်နေရတာပါ"

"အထီးကျန်နေတာ ခင်ဗျားရဲ့ ယီး က ပျံနေတာ မဟုတ်လို့ အချိန်တန်ရင် နွားပိန်ကန်တဲ့အဖြစ်လို့ လယ်ပြင်မှာ ဆင်သွားသလို ခင်ဗျားအတွက် ရင်သားပိုနေတဲ့ မိန်းမနဲ့သေချာပေါက်ရမှာပါ"

(စကားကို လျှာရိုးမရှိတိုင်း ပြောမနေနဲ့ ယီး တွေကော ရင်သား တွေကော )

*ကာရံညီအောင် ပြောနေရတာလေ ရှေ့ကလူက ငါ့လင်မှန်းသိပါတယ်*

(ငါလင်မှန်းသိရင် ဖင်တန်းပြင်ဖို့ အချိန်သင့်တာမို့ အလိမ်တွေမရှိတဲ့ဘဝမှာ တစ်ညတာလောက် ဖာခံလိုက်ပါလားလို့)

*စောက်သူတောင်းသား*

(စတာပါ သူကြီးက ဘတ်ဘတ်ရဲ့ ကိုကို နော်)

*ကိုကို ဆိုတာ ပိုပိုစကားတွေမို့ ဒင်းရဲ့ဂျိုးကို ဖြုတ်မယ့် ငါ့ရဲ့စိတ်ယုတ်တော့ မပြင်နိုင်ဘူး*

"အား!!!!!!"

"သူကြီးစုတ် ယီးပါပြုတ်သွားအောင် ကန်ချင်ပေမယ့် ထောက်သင့်တဲ့ အခွက်ကြောင့် ကွက်သင့်တဲ့နေရာကို ဖယ်ပြီး ရွေးကန်တယ်မှတ် !"
'မဲလုံးက ထကာ သူကြီး(မြတ်ဘုန်းမောင်)ကို ကန်ထည့်လိုက်တာဖြစ်သည်'

"သားလေး!!"

"အမေ!"

"သူကြီးရယ် ကျုပ်သားက လူလိမ္မာလေးပါတော် ဟိုကောင် သောတက နှောက်ယှက်လို့ပါ သားကို ထိပ်တုံးမခတ်ပါနဲ့နော်"

Disorderly System(ပရုတ်သုတ်ခ System)Where stories live. Discover now