"ကိုဘုန်း"
"သြော် ရွှေဥ ဘာကိစ္စရှိလို့လဲ"
"အိမ်မှာ ငါး ချက်လို့လေ ကိုဘုန်းအတွက်လာပို့တာ"
"အားနာလိုက်တာ နောက်လာမပို့နဲ့နော် ရွှေဥကို တကယ်အားနာတယ်"
"မလိုပါဘူးရှင် ရွှေဥက စေတနာနဲ့ပါ မီးဖိုချောင်းထဲ ဟင်းပန်းကန်လဲ ခဲ့မယ်နော်"
"ပေးပေး အိမ်ရှေ့ကသာ စောင့်နေ"
'မြတ်ဘုန်းက ဟင်းပန်းကန်ကိုယူပြီး လဲလိုက်သည်'"ဟုတ်!"
"အမလေးးခေတ်ကြီးက ပြောင်းပြန်ပါအေ မိန်းမတွေက နောက်ပိုး ပိုးနေရတယ်လို့ ငါ့သားနဲ့ မပေးစားမိတာ တော်ပါသေး"
"ဒေါ်အေးမြ ဘာစကားပြောတာလဲ"
"လူစကားပြောနေတာ နားမလည်တာလား"
"မသိပါဘူး ခွေးစကားလားလို့လေ "
"နင်!!"
"ဒေါ်အေးမြ လက်မပါရဘူးလေ ဘာကိစ္စရှိလို့ပါလဲ ရွှေဥ ရော့ ပြန်တော့"
'မြတ်ဘုန်းက ရွှေဥကိုရိုက်မယ့် ဒေါ်အေးမြလက်ကိုဆွဲထားပြီး ရွှေဥကိုပြန်ခိုင်းတော့သည်'"ဟုတ်ကဲ့ ကိုဘုန်း!"
"ထောက်ခံစာ လာယူတာ ရန်ကုန်သွားမလို့"
"ရေးပေးလိုက်ပါ့မယ် ဒါနဲ့ သောတအောင် ဘာလုပ်နေလဲ ဖြူ အဲလေ မဲလုံးလေးဆီ သွားနေသေးလား"
"မသွားပါဘူး ငါ့သားကို အဲ့ကပ္ပလီကောင်နဲ့ အတူရှိနေခိုင်းမှာလား "
"ဘာ ကပ္ပလီ လဲ ဖြူလုံးက ဒီတည်ပင်ရွာမှာ ခန့်ညားဆုံးဗျ"
"အမလေးးးသူကြီး မျက်စိကန်းသွားတာလား ရွာလယ်ဇရပ်မှာ ဒီတိုင်းထားတောင် ကျီးမထိုး ခွေးမစား တဲ့လူကိုများ ခန့်ညားဆုံးတဲ့"
"လွန်လာပြီနော် ကျုပ်လူ လာမထိနဲ့ ထိပ်တုံးနဲ့ တစ်ညလောက် ညားပေးလိုက်မယ်"
"အမလေးး ရာထူး အားကိုးနဲ့ ပေး စာရွက် ဟိုမိန်းမလည်း အိမ်ထဲခေါ် ဟိုကပ္ပလီလည်း ကြိတ်ပိုးနဲ့ သူကြီးအိနြေ္ဒကို မရှိဘူး"
'မြတ်ဘုန်းရှေ့က ထောက်ခံစာ စာရွက်ကိုယူပြီးကဲ့ရဲ့နေတော့သည်'"ကျုပ်မရှိတာဘာဖြစ်လည်း ဒေါ်အေးချစ်က လင်မတော်လိုက်ရလို့လား ဒီလောက်ထိ နာနေရအောင်"
YOU ARE READING
Disorderly System(ပရုတ်သုတ်ခ System)
RomansaPark Chanyeol Byun Baekhyun Chanbaek Start Date-26:3:2022