Arc.6.Final

945 75 4
                                    

"အကို ကျုပ်ကို ဘာလို့ ထိပ်တုံးခတ်တာလဲ အကို့ညီအရင်းခေါက်ခေါက်နော်"

"တိတ်စမ်း ဘေးမှာ အဖော်ရှိနေတာကို မိဘစော်ကားတဲ့သား ကျုပ်က မိဘကိုစော်ကားရင်အတင်းမုန်းတာ"

"ဟာ ဒါက အချစ်လေ အကိုရာ အကို့ယောက်ျားတောင် ကြီးတော်ကြီးကို ထိပ်တုံးခတ်မယ်ပြောသေးတာ"

~သင်ပြာရေ နင့်အကို ငါက မြို့အုပ်ကတော်လေ လူလေးစားအောင်တော့လုပ်ပေးအုံး ညကြ ပြန်ဖြုတ်ပေးမယ့်အပြင် ကြက်ပေါင်ကြော်ကျွေးမယ်~

~တကယ်လား~

~အေး~

"ကျုပ်မှားပါတယ်အကိုရာ မိဘဆိုတာ ဘုရားနဲ့နှိုင်းတစ်ဂိုဏ်းတည်းတဲ့ အကိုက မြို့အုပ်ကတော်ဖြစ်သင့်ပါတယ် သွေးသားမခွဲ ခြားဘဲ အပြစ်ပေးတာ ဆေးဆရာခင်ပြောင်း မြို့အုပ်ကတော်ခင်ပြောင်းဆိုပြီး လူတွေလေးစားကြတာ မဆန်းပါဘူး ကျုပ်အကိုက တရားမျှတမှုရှိတာကို"

(ဘယ်သူတွေကများ လေးစားကြတာပါလိမ့်)

*နည်းနည်းများOverဖြစ်နေသလား သင်ပြာရယ်*

(ဘုရားနဲ့နှိုင်းတစ်ဂိုဏ်းတည်း ဆိုရောင်ခြည်တော်လွှတ်ပြဆိုပြီး ပြောဖူးတဲ့ သားမတ်က ဘယ်သူပါလိမ့်နော် သြော် မိဘကျေးဇူးသိတတ်တဲ့ မြို့အုပ်ကတော်ကြီး ပြောခဲ့တာနော်)

*မိကျောင်းသားက တစ်မျိုး*

"သင်ပြာလေး နေကောင်းရဲ့လား အကိုဆေးပေးပါအုံး ကျုပ်ရဲ့သင်ပြာလေး ကယောင်ကတမ်းပြောနေတယ်"

"ကျုပ်က ဘာယောင်နေလို့လဲ ကျုပ်အကို ဂုဏ်တက်အောင်လုပ်ပေးနေတာ အသာနေစမ်း"

"အင်းပါ အကိုခင်ပြောင်း သင်ပြာလေးကို လွှတ်ပါတော့ ကျုပ်မကြည့်ရက်ဘူး မကျေနပ်ရင် ကျုပ်လက်တွေပါ ခတ်ထားလိုက်"

"ဟ ယောက်ျားပဲဟ လုပ်ရဲခံရဲတယ် ကျုပ်အကိုက တရားမျှတမှုရှိနေတာ နို့ဒါနဲ့လေ ထဘီလှန်ပြတဲ့ ယောက္ခမကြီး ကြ ဘာလို့မခတ်တာလဲ"

"အခုခေတ် ကလေးတွေက မိဘဆို ကျေးဇူးကန်းကြလွန်းလို့ ကျုပ်ယောက္ခမကြီးက ဒီနေရာကနေ နင်တို့ထွက်လာတာ ကျေးဇူးမေ့နေမှာမို့ တမင်ပြတာ "

Disorderly System(ပရုတ်သုတ်ခ System)Where stories live. Discover now