Arc.1.7

2.6K 261 59
                                    

"အရှင်မင်းကြီး၏ အမိန့်နာခံပါ"

"အားဘား"
*အင်းပြော*
'ရှေ့ကအထိန်းတော်ကြီးအပြောကြောင့် ကျိုးရန်က မတ်တပ်ရပ်လက်ပိုက်ပြီး ရပ်နေသည်'

"အရှင့်မိန့်ကို နာခံလို့"

"အားးဘားးးဘားးး"
*နာခံလို့ နားထောင်နေတာလေ မြန်မြန်ပြော*

"ဒူးထောက်နာခံရမယ်လေ စည်းကမ်းချက်တွေကို နားမလည်တာလား ကြင်ယာတော်"

"ဘာ!!!!!"
*ငါဆိုတဲ့ ဘတ်ဘတ်က မင်းတို့ဘုရင်ကိုတောင် အရေးမလုပ်တာ အဲ့စာရွက်နဲ့ မင်းလို လူအိုရှေ့ဒူးထောက်စရာလား Fuckပဲ*

(ဘတ်ဘတ်ရယ် လေကုန်ခံပြောနေတယ် ဂိုးဂိုးတောင် နားမလည်ဘူး ဟိုလူကြီးက နားလည်တာကြရော)

*ဘာနေနေ ငါက ဒူးထောက်စရာလား *
'ကျိုးရန်ပြောတာကို နားမလည်လို့ အထိန်းတော်ကြီးက လက်လျော့ကာပြောတော့သည်'

"ကြင်ယာတော်ကျိုးရန်က အရှင့်ကွယ်ရာမှာ မဖွယ်မရာများလုပ်စေပြီး နိုင်ငံ့ဘဏ္ဍာကို အလွဲလုပ်လို့ တော်ဝင်တံဆိပ်ပြားကို ပြန်သိမ်းပြီး အပြင်ထွက်ခွင့်တစ်ပတ်ပိတ်လိုက်သည်"

*ဘာ ငါက ဘာတွေမဖွယ်မရာလုပ်နေလို့လဲ နေပါအုံး ဒင်းက ဘာလုပ်နေလို့ ငါ့ကိုလာမတွေ့နိုင်ရတာလဲ*
"အားးဘားးဘားးးး"

"အရှင်က ကြင်ယာတော်အတွက် ဇီးဖျော်ရည်ပေးလိုက်ပါတယ် "

*ငါ့ကို ဇီးဖျော်ရည်နဲ့ လာချော့နေတယ် ဟွန့်*
'ကျိုးရန်က အထိန်တော်ကြီးပေးတဲ့ ဖျော်ရည်ခွက်ကို ယူပြီးမော့သောက်လိုက်တော့သည် အထိန်းတော်ကြီးကလည်း ပြန်ထွက်သွားတော့သည်'

(မသောက်တာကြနေတာပဲ လေကုန်ခံပြီးပြောနေတယ်)

*ဇီးဖျော်ရည်က ချဉ်လည်းမချဉ်ဘူး ချိုရဲကြီး သွေးတွေသောက်လိုက်ရသလိုပဲ*

(*အဲ အဆိပ်ဖြေဆေးနေမှာ*)

*ဂိုးဂိုး မင်းပြောစမ်း အဲ့ဘုရင်ဘာလုပ်နေတာလဲ ငါ့ကိုပစ်ပြီး ဘာလုပ်နေတာလဲ*

(ဘတ်ဘတ်လည်းကြားမှာပါ သမားတော်ကြီးရဲ့အဆိပ်ဖြေနည်းလေ)

*သိတယ်လေ သွေးသောက်ရမှာ*

Disorderly System(ပရုတ်သုတ်ခ System)Where stories live. Discover now