Arc.3.Final

2.1K 221 21
                                    

"သူကြီး!"

"ဖြူလုံးလေး ကိုယ့်ဆီလာတယ်ပေါ့ လာလာ ထိုင်နော် ဘာစားချင်လဲ ဟင်"

"သက်သာလားဟင် နာနေမှာပေါ့ လုံးလုံးတောင်းပန်ပါတယ်"
'မဲလုံးက မြတ်ဘုန်း ခေါင်းက ပတ်တီးလေးကို ကိုင်ပြီးပြောလိုက်သည်'

"ဖြူလုံးလေး မမှားပါဘူး ပြီးတော့ ကိုယ်မနာပါဘူး ကိုယ်က မင်းလေးကို ပိုချစ်မိသွားတယ် အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင် ချစ်တယ်ဆိုတာလေ"

"အကောင်းပြောနေတာကို အခု ဘာစားထားလဲ"

"ဘာမှ မစားသေးဘူး"

"လုံးလုံး ကြက်သားဆန်ပြုတ်လုပ်ပေးမယ်နော် အဆာပလာတွေရှိလား"

"အင်း ရှိမယ်ထင်တာပဲ ဒါပေမယ့် မလုပ်ပါနဲ့ မင်းလေးရဲ့ လက်နုနုလေးတွေ မီးပူဟပ်ရချည်ရဲ့"

"ဘာမှမဖြစ်ပါဘူး ထိုင်နေနော်"

(အမလေးး လက်နုနုတဲ့ ဒီ မီးသွေးခဲအဖေခေါ်ရတဲ့ လက်မဲကြီးကလေ)

*တိတ်စမ်း  မနာလိုစကားတွေက တဏှာပို အကြည့်တွေကို မမှီပါဘူး မလီစယ်ချင်ပေမယ့် ငါ့ရဲ့ချစ်ကိုကိုက အပြစ်လို့ ဆိုဖွယ်မရှိအောင် ငါ့ကိုချစ်တာမို့ မေတ္တာတွေကို အပြစ်အနာအဆာ မရှိအောင်ထိ ပေးပစ်လိုက်တော့မယ်*

(ဘတ်ဘတ်လင်က တဏှာရူး လို့ သွယ်ဝိုက်ပြောတာပေါ့လေ ဟားးဟားးး)

*ကြက်သား ရှိသားပဲ ငါ့သူကြီးက ထောင့်စေ့လိုက်တာ မဲလုံးလင် ဖြစ်မယ့်သူလေး*

(ဟာ ဘတ်ဘတ် ကြက်သားက လူသတ်ဖို့လား စားဖို့လား အတုံးလေးတွေ လှီးလေ)

*လျှာ မရှည်စမ်းနဲ့ ကြက်သားအတုံးကြီးတော့ အာဟာရ ပိုရတယ် ငါ့ယောက်ျားအတွက် ငါက Special ပြင်ပေးမှာ*

(တံတွေးစင်လိုက်တာ လုပ်လုပ် သဘောအတိုင်း)

*ချစ်တဲ့သူစားဖို့လေ လုံးလုံးလေး ချက်ခဲ့တယ် အဟိ*

(မနွဲ့စမ်းပါနဲ့ ဘတ်ဘတ်ကိုမြင်ရတာ ဘုံကျောင်းရှေ့က ဘီလူးကြီး နွဲ့နေသလိုပဲ)

*သူတောင်းစား*
'မဲလုံးက မြတ်ဘုန်းအတွက် ကြက်သားဆန်ပြုတ်လုပ်ပေးနေတော့သည်'

Disorderly System(ပရုတ်သုတ်ခ System)Where stories live. Discover now