Arc.7.6

574 55 6
                                    

"Daddy ဒေးက မိုင့်ကို ပါးရိုက်တယ်"

"ဘာလို့လဲ"

"ဟိုတောသူမကိုထိလို့လေ Daddyလည်း သတင်းတွေအမြန်ရှင်းတော့ အဲ့လိုအောက်တန်းစားကိုလည်း ညီမ မတော်နိုင်ဘူး".

"မိုင် ပန်ချက်ပွန်ရာ စကားကိုကြည့်ပြော စမိုင်းက ဒယ်ဒီသမီး ဒယ်ဒီသွေး သူ့ကိုပြောနေရင် ဒယ်ဒီကိုပြောနေသလိုပဲ ဒယ်ဒီအလိုလိုက်ထားတာ အခုလို အောက်ခြေလွတ်နေဖို့မဟုတ်ဘူး"

"ဒယ်ဒီက ဘာလို့ မိုင့်ဘက်မပါတာလဲ ဒယ်ဒီသမီးအရင်း မဟုတ်လို့လား ဒါပေမယ့် မိုင်က ဒယ်ဒီချစ်တဲ့ မာမီရဲ့သမီးလေ စမိုင်ဆိုတဲ့ဟာမက ဒယ်ဒီမလိုချင်ဘဲ မွေးလာတာလေ"

"ငါမလိုချင်ဘူးလို့မပြောမိဘူး ဖြူလုံးကိုငါချစ်တယ် လက်ထပ်မယ် သူကငါ့ခင်ပွန်းဖြစ်လာလိမ့်မယ် မိုင် မှတ်ထားရမှာက ဖြူလုံးက ဒယ်ဒီသွေးသားကိုမွေးထုတ်ပေးထားလို့ လက်ထပ်မှာ မဟုတ်ဘူး ဒယ်ဒီကိုယ်တိုင်ချစ်လို့"

"မဖြစ်ရဘူးး ဒယ်ဒီက မိုင့်ကိုပဲချစ်ရမယ် လက်မခံနိုင်ဘူးး"

"အရမ်းဆိုးလွန်းနေရင် စံအိမ်ခွဲဆီပို့ရလိမ့်မယ် မိုင် ပြီးတော့မှ ဒယ်ဒီအဆိုး မဆိုနဲ့"

"အားးးးးမဟုတ်ဘူးးးခလွမ်း"

"မမလေး စိတ်ထိန်းပါ သခင်ကြီးက အခုမှ အချစ်ကိုပြန်ရှာတွေ့မိတာပါ မမလေးရဲ့ဒယ်ဒီပျော်ရွှင်တာကို မမြင်ချင်ဘူးလား"

"မမြင်ချင်ဘူးးး အန်ကယ်ခမ်း မိုင့် ဘက်ဘယ်သူမှမရှိဘူးး ဒယ်ဒီက မိုင့်ကိုမချစ်ဘူး"

"သခင်ကြီးက ချစ်ပါတယ် "
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
*ငါ့ယောက်ျားက ဒီလိုကြတော့လည်း မဆိုးပြန်ဘူးး*

(ဆိုးလည်းမရဘူးလေ ဘတ်ဘတ်ကလွှတ်ထားမှာမို့လား)

*အဲ့ဒါအသာထားပါအုံး ယူရီက ဘယ်သူဆိုတာစုံစမ်းပေးအုံး*

(ဘယ်အရာမှ လွယ်လွယ်မရဘူး)

*လိုချင်တာဝယ်ပေးမယ် ဂိုးလေးကြိုက်တာပြော*

(ပုံမှန်ဆက်ဆံ မဖားနဲ့)

*အေးပါ အခု ငါ ဆေးရုံဆင်းတော့မယ် နိုက်မရှိတုန်း ဒါမှ အဲ့ မယားချစ် မယားပါသမီးချစ်ကောင် နောင်တရနေမှာ*

Disorderly System(ပရုတ်သုတ်ခ System)Where stories live. Discover now