Arc.6.2

1.3K 123 30
                                    

"ဖြူလုံးလေး ဒါက အုန်းထန်းညက် စားကြည့် ကောင်းတယ် နှမလည်းစားကြည့်"
'ဟန်မောင်က ခင်ပြောင်းတို့မောင်နှမအနားထိုင်ကာ မုန့်ကျွေးနေသည်'

"မင်းဖေ နှမ ကျုပ်ပုံစံက မိန်းမဆန်နေသလား မြို့အုပ်မင်း"
'သင်ပြာ က ဒေါသထွက်စွာ အော်ပြောလိုက်သည်'

(ဘတ်ဘတ် နှမက ထိပ်တုံးနဲ့ အားမရဘူးထင်တယ်နော် )

*မပူပါနဲ့ မြို့အုပ်မင်းက ငါ့လင်ပါ*

(ရွံထှာ)

"မဆန်ပါဘူး ကျုပ်က မှားသွားတာပါ ဖြူလုံး ကောင်းလား"

"ချိုလွန်းတယ်"

"အာ့ဆို ခဏစောင့် ကျုပ် လက်ဖက်သုပ်ယူလာမယ်"

"ဟန်စိုးမောင် အဲ့နှစ်ယောက်က နင့်ညီရဲ့မင်္ဂလာပွဲကို ဖျတ်ထားလို့ ထိပ်တုံးခတ်ဖို့ခေါ်ထားတာနော် ဧည့်သည်အနေနဲ့ဧည့်ခံဖို့ ဖိတ်ထားတယ် ထင်မနေနဲ့"
'ဒေါ်နီနီစိုး တစ်ယောက် သူ့သားငယ်ကို နှစ်သိမ့်နေရင်း အိမ်အထဲအပြင်ကို ခဏတိုင်းကူးနေတဲ့ သူ့သားကြီးကို အမြင်ကပ်စွာပြောလိုက်သည်'

(ကြီးတော် မှန်တယ်)

"အမေရာ တော်ပါတော့ အကိုလုပ်ချင်ရာလုပ်ပါစေ "
'ဟန်အောင် က ဝင်ပြောလိုက်သည်'

"အမေကလည်း ကျုပ်က မြို့အုပ်မင်းလေ ကိုယ့်ရပ်ရွာကလူကို ပစ်စလက်ခတ် ထိပ်တုံးခတ်ထားစရာလား ကျုပ်က သနားညှာတာမှုမရှိဘူးပြောနေမှာပေါ့ ဟုတ်ရဲ့လား ငါ့ညီ"
'ဟန်မောင် က သူ့ညီပါ ထောက်ခံပေးဖို့ပြောလိုက်သည်'

*ငါ့လင် မှန်တယ် အဟိ*

(စိတ်ပျက်တယ် ဂယ်ပဲ )

"နို့ ဟန်စိုးမောင် တော်က စာနာစိတ်ရှိပါ့တော် ရှိလွန်းနေတာ ကျုပ် မီးဖိုချောင်ထဲက ကောက်ညှင်းထုပ် သကြားခွေ အကြော်စုံ ထန်းညက် တွေ ကုန်နေပြီ သိရဲ့လား"

"အမေရာ ပစ္စည်းဆိုတာ သင်္ခါရ ပါ ဟုတ်လား ဖြူလုံးလေး"

"ဟုတ်တာပေါ့ ကြီးတော်ရယ် မြို့အုပ်မင်းက စေတနာရှိသလောက် ကြီးတော်က သိပ်ကပ်စေးနဲတာပဲ"
'ခင်ပြောင်းက ထိပ်တုံးခတ်ခံထားရင်း ပြောလိုက်သည်'

Disorderly System(ပရုတ်သုတ်ခ System)Where stories live. Discover now