Arc 6.3

1.1K 106 30
                                    

"မိသူ ရေးး ထကြည့်ပါအုံး ငါ့ကို ကလေးနှစ်ယောက်နဲ့ စိတ်ချခဲ့ပြီလား"

~ဟဲ့ မိသူက ဆေးမှားလို့ သေတာဆို~

~ဘယ်သိမလဲတော် ခင်ပြောင်းက ဆေးပညာကျွမ်းပါတယ်~
'ဦးဖိုးစုက သူ့မိန်းမသေလို့ ငိုနေသလို အသုဘအိမ်လာတဲ့လူတွေကလည်း တီးတိုးပြောနေကြသည်'

(ဘတ်ဘတ်ကြောင့် လူသေရပြီ)

*သဗ္ဗေသတ္တာ ကမ္မသကာ တဲ့ သတ္တဝါတစ်ခုကံတစ်ခုလေ သူ့သေနေ့စေ့လို့သူသေတာပါ ငါတောင် သေနေ့မစေ့လို့ မသေဘူး*

(သြော် သေမလား ဘတ်ဘတ်က လက်လေးထိတာပဲစုပ်မိတာ ဟိုက တစ်ခွက်လုံးသောက်ရတာ)

*မင်း အသာနေစမ်း *

"ဖြူလုံးလေးး ဘာဖြစ်သွားသေးလဲ မေ့လဲသွားတယ်ဆို အခုကော သက်သာလား ဘယ်နေရာတွေ နာနေသေးလဲ ကျုပ်မှာ စိတ်ပူလို့ ခရီးရောက်ဆိုက်အမြန်လာခဲ့ရတာ"
'ဟန်မောင်က ခင်ပြောင်းအနားအပြေးရောက်လာကာ တစ်ကိုယ်လုံးကိုင်လှည့်ပြီးမေးနေတော့သည်'

"နို့ မြို့အုပ်မင်း ကျုပ်အကိုက အလတ်ကြီးရှိသေးတယ် ဟိုမှာ သေတဲ့ မသာအတွက် စိတ်ပူစမ်းပါ"
'သင်ပြာက အမြင်ကပ်လှပြီမို့ ပြောလိုက်သည်'

"နို့ သူက သေနေတာလား "
'ဟန်မောင်က အခုမှပဲ မသူကို မြင်သွားသည်'

"ဒါဖြင့် မြို့အုပ်မင်းက မသူသေလို့လာတာ ဟုတ်ဘူးလား"
'ခင်ပြောင်းက ထပ်မေးလိုက်သည်'

"ဖြူလုံး က ဦးဖိုးစုအိမ်မှာ မေ့လဲတယ်ဆိုလို့"

*အမလေးး ချစ်တတ်လိုက်တဲ့  ငါ့ယောက်ျား*

(ချစ်တတ်တာ ဟုတ်ဘူး ကန်းတာ အိပ်နေတဲ့မသာကြီး မမြင်ဘဲ ထိုင်နေတဲ့ မသာမှမြင်တာလေ)

*ခွေးသူတောင်းစား အဲ့စောက်ပေါက်လေး ပိတ်ထားစမ်းပါ*

(ဂိုးဂိုးအပေါက်ပိတ်ချင်ရင် ဘတ်ဘတ်ရဲ့အပေါက်အရင်ပိတ် Are You Ok?)

*လိပဲ တံတွေးစင်တာ အိမ်မြှောင်စုတ်*

(နဂါးပါဆို)

"အမလေးးးမိသူရေးးအသေဖြောင့်ရဲ့လား "

"ကိုမောင် မသူအတွက် တရားမျှတမှုရှာပေးပါ"

Disorderly System(ပရုတ်သုတ်ခ System)Where stories live. Discover now