Part Twenty-Five (Unicode)

3.1K 306 70
                                    

Wiltonဟုအမည်တွင်သည့် ရွာငယ်လေးရဲ့ အစွန်အဖျားတွင် ကျယ်ပြန့်လွန်းလှသည့် ခြံဝန်းကြီးတစ်ခု ရှိလေသည်။ သာမန်ဆို လူသူကင်းမဲ့လွန်းလှသည့် ထိုခြံဝန်းကြီးထဲသို့ ကားငယ်လေးတစ်စင်းမောင်းဝင်လာလေသည်။

"ရောက်ပြီ။"

မြွေဟောက်မယ်ရဲ့စကားကြောင့် Harryလည်း ကားပေါ်ကနေဆင်းလိုက်ရာ သာယာလှသည့်ခြံဝန်းကြောင့် အံ့သြမှင်သက်သွားရသည်။ ခြံဝန်းထဲတွင် အရိပ်ရသည့်အပင်ကြီးတွေနှင့် အသီးပင်များရှိနေသလို စိုက်ထားတာမကြာသေးသည့် အပင်ငယ်တချို့လည်းရှိပြီး အလွန့်ကိုမျက်စိပဒေသာရှိလှသည်။

"ခြံက သိပ်လှတာပဲ။ သတ်ဖြတ်ရေးကွင်းပြင်လို့တောင် မထင်ရဘူး။"

"အင်း။ တို့က တို့သတ်ပြီးတဲ့လူတိုင်းကို ဒီခြံထဲမှာပဲမြေမြှုပ်ပေးတတ်ပြီး အမှတ်တရအနေနဲ့ အဲ့မြေပုံမှာပဲ အပင်လှလှလေးစိုက်ပေးတတ်တယ်။ မင်းအတွက်လည်း ပန်းသီးပင်အသေးလေး ပြင်ဆင်ထားတယ်။ မင်းကြိုက်လောက်မှာပါ။"

ကြောက်စရာစကားတွေကို ခပ်ပြုံးပြုံးပြောသွားသည့် မြွေဟောက်မယ်အား Harryလေးစားမိပါသည်။ ခြံကိုလှည့်ပတ်ကြည့်လိုက်ပြီး

"ဒါဆို...ဒီအပင်တွေရဲ့အောက်မှာ မင်းသတ်ခဲ့တဲ့ လူတွေရဲ့ အလောင်းရှိတယ်ပေါ့။"

"အင်း...တို့ချစ်သူ အထီးမကျန်အောင် အဖော်ပြုခိုင်းထားတာပါ။ ဟိုးက မေပယ်လ်ပင်ကြီးကိုတွေ့လား? အဲ့မှာ တို့ချစ်သူကို မြှုပ်ပေးခဲ့တာ။ မြှုပ်ပေးပြီးတာနဲ့ အဲ့မေပယ်လ်ပင်ကြီးကို စိုက်ခဲ့တာလေ။"

"မင်းက အရမ်းပွင့်လင်းတာပဲ။ ငါ့ကို အကုန်ပြောပြတယ်နော်။"

Harryရဲ့စကားကြောင့် မြွေဟောက်မယ်က မျက်မှန်ကိုချွတ်ရင်း နှစ်လိုစွာပြုံးပြသည်။ တစ်ခုထူးခြားသည်က Harryနှင့် သူ(မ)နှစ်ဦးစလုံးမှာ လှပသည့်မြစိမ်းရောင်မျက်ဝန်းတွေ ရှိနေလေသည်။

"မကြာခင် မင်းနဲ့တို့ နှစ်ယောက်ထဲက တစ်ယောက်က သေတော့မှာပဲလေ။ ဘာတွေ လျှိုထားစရာရှိရဦးမှာလဲ?"

"ဒါလည်း ဟုတ်တာပဲ။"

"စကြရအောင်။ မြန်မြန် အပြီးသတ်ကြတာပေါ့။ လက်နက်ရွေးဦး။"

My Rival Becomes My Husband Where stories live. Discover now