Part Thirteen (Unicode)

4.7K 466 78
                                    

ဆန်ပြုတ်တိုက်ပြီးနောက် Malfoyအားဆေးတိုက်လိုက်ကာ အိပ်ရာထဲမှာပဲ နွေးနွေးထွေးထွေးနေဖို့ Harryသေချာလုပ်ပေးလိုက်သည်။

"ဆောင်းဝင်လာပြီလေ။မင်းက အားမှမရှိတာ။နွေးနွေးထွေးထွေးမနေရင် နေမကောင်းပါထပ်ဖြစ်သွားနိုင်တယ်။ပြီးတော့ Doctorကလည်း မှာသွားတယ်။ဒီနေ့တစ်ရက်တော့ အိပ်ရာထဲမှာပဲနားလိုက်တဲ့။အဲ့ဒါကြောင့်။"

"ငါရေချိုးချင်တယ်လေ။ချွေးတွေထွက်ထားတဲ့အတိုင်း မနေချင်ဘူး...Potter။"

"နေထွက်လာတဲ့အထိ စောင့်ဦး။မနက်၉နာရီလောက်မှ ရေပတ်တိုက်ပြီး အဝတ်အစားလဲကြတာပေါ့။အခုငါအပြင်ခဏ..."

အပြင်ထွက်ဖို့ပြောတာပင်မဆုံးသေး Harryရဲ့sweaterကို ဆွဲထားသည့် Malfoyကြောင့် Harryဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။

"မသွားနဲ့။ငါ့အနားမှာပဲနေ။ငါ့အနားမှာ တစ်ယောက်မှမရှိတာကို ငါမကြိုက်ဘူး...Potter။မသွားပါနဲ့။"

"ဒါပေမဲ့ ငါကလေးတွေအတွက် မနက်စာပြင်ပေးရဦးမယ်လေ။အခုပဲ ၇နာရီကျော်နေပြီကို။"

နေမကောင်းဖြစ်တိုင်း အနားမှာဘယ်သူမှမရှိရင် အားငယ်တတ်တဲ့အကျင့်သည် Malfoyမှာရှိနေတာကြောင့် Harryအံ့သြမတတ်ပင်။Malfoyလို မာနကြီးမောက်မာပြီး အေးစက်ရက်စက်တတ်သည့် လူတစ်ယောက်မှာ ဒီလိုမျိုးနူးညံ့သည့်တစ်ဖက်ခြမ်း ရှိနေမည်လို့ Harryလုံးဝမထင်မိခဲ့ချေ။

သူ့ရဲ့sweaterကို အားကတကြီးဆွဲထားသည့် Malfoyရဲ့လက်ချောင်းသွယ်သွယ်တွေကို အသာဆုပ်ကိုင်ကာ ဖြုတ်လိုက်ပြီး အိပ်ရာပေါ်ပြန်တင်ပေးတော့ Harryရဲ့လက်တွေကို မလွတ်တမ်းဆုပ်ကိုင်ထားပြန်သည့် Malfoyဟာ ကလေးငယ်တစ်ဦးလိုပင်။ငွေမှင်ရောင်မျက်ဝန်းတွေဟာ သူ့အနားကနေ မထွက်သွားပါနဲ့ဆိုသည့် အဓိပ္ပါယ်နှင့် Harryရဲ့မြစိမ်းရောင်မျက်ဝန်းတွေကို အသနားခံလျက်။

"Malfoy...ကလေးတွေနိုးလာတော့မယ်လေ။ခဏလေး...မဟုတ်ဘူး..ပိစိလေးပဲကြာမှာ။ပြီးရင်ငါပြန်တက်လာခဲ့ပါ့မယ်။ဟုတ်ပြီလား?"

ကလေးတွေနဲ့ အကျွမ်းတဝင်နေတတ်သည့် Harryကလည်း ကလေးတွေကိုချော့မော့သလို အသာလေးချော့မော့လိုက်မှ Harryရဲ့လက်ကို လွှတ်ပေးလိုက်ကာ Harryကိုကျောပေးကာ လှဲလျောင်းလိုက်ပြီး

My Rival Becomes My Husband Where stories live. Discover now