မှောင်မဲအေးစက်နေသာ အခန်းငယ်တစ်ခုအတွင်းတွင် နာကျင်နေသည့် ငြီးငြူသံတွေနှင့်အတူ ရိုက်နှက်သံတွေနှင့်ပြည့်နှက်နေသည်။
"ရွှမ်း! ရွှမ်း!"
အရပ်ရှည်ရှည်နှင့် အထက်အောက် အနက်ရောင်ချည်း ဆင်မြန်းထားသူတစ်ဦးသည် ဓားသွားတွေပါသည့် ကြာပွတ်တစ်ချောင်းကိုကိုင်ကာ တစ်စုံတစ်ယောက်ကို အားရပါးရကို ရိုက်နှက်နေသလို ထိုသို့နှိပ်စက်နေရတာကို ကျေနပ်နေသလိုမျိုးဖြင့်လည်း ရယ်မောနေသည်။
"ဟား! မှော်ကြိမ်လုံးကိုသုံးပြီး လူသတ်ရတာထက် အခုလိုမျိုး လူသတ်ရတာက ပိုပျော်စရာကောင်းမှန်း မသိခဲ့ဘူး။"
ထိုလူသည် မျက်နှာမှာပေနေသည့် သွေးစက်တွေကို အသာသုတ်လိုက်ပြီး ကြာပွတ်ကိုပစ်ချလိုက်သည်။ ထို့နောက် သေလုနီးနီးဖြစ်နေသည့် နှိပ်စက်ခံထားရသူကိုလည်း စောင်းငဲ့ကြည့်လိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းကာ နှုတ်မှလည်း ဂါထာတစ်မျိုးကို ရွတ်ဆိုလိုက်သည်။
ရွတ်ဆိုလိုက်သည်နှင့် ထိုလူရဲ့မျက်ဝန်းတစ်စုံက အနီရောင်တောက်သွားပြီး နှိပ်စက်ခံထားရသူသည်လည်း တွန့်လိမ်သွားကာ ခဏအကြာမှာပင် ခန္ဓာကိုယ်တစ်လုံး ပေါက်ကွဲထွက်ကာ တစ်စစီဖြစ်သွားတော့သည်။ ပေါက်ကွဲထွက်သွားသည်ဖြစ်လို့ အသားစအချို့စင်သွားသည့် မျက်နှာကို ထိုလူကသုတ်လိုက်ပြီး ပြုံးရယ်လိုက်ရင်း
"အား...မျက်နှာကို သွေးတွေလာစင်တဲ့ ခံစားချက်ကိုက မိုက်လွန်းတာ။ အဟွတ်!"
ပြောနေစဥ်မှာပင် ချောင်းတစ်ချက်ဆိုးရင်း သွေးတစ်ပွတ်အန်လာ၍ ထိုလူသည် ဘေးမှနံရံကို အသာမှီလိုက်ပြီး ခေါင်းခါရမ်းလိုက်သည်။
"မလုံလောက်သေးဘူး! ဒီထက့်ပိုလိုသေးတယ်! ဒီလို ဂါထာတွေကို အသက်သွင်းနိုင်ဖို့ ငါ့ဝိညာဥ်က ဒီ့ထက်စွမ်းအားကောင်းနေမှရမှာ! လိုအပ်တယ်! မင်းကိုလိုအပ်တယ်...Harry။ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့ မင်းကိုလိုအပ်တယ်! မင်းကိုသာရရင် ဒီကမ္ဘာမှာ ငါ့ကိုဘယ်သူ့မှ မရပ်တန့်နိုင်တော့ဘူး! ပျော်နိုင်သမျှ ပျော်လိုက်စမ်းပါ! နောက်ဆုံးမှာ မင်းက ငါ့အပိုင်ဖြစ်လာမှာ! စိတ်ဝိညာဥ်ရော၊ မှော်စွမ်းအားတွေရောပေါ့! ဟား! ဟား!"
YOU ARE READING
My Rival Becomes My Husband
FanficHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...