မှောင်မိုက်နေသော အခန်းငယ်လေး။ မနက်ကအထိ သပ်ရပ်နေခဲ့သည့်အခန်းလေးမှာ အခုတော့ရှုပ်ပွနေပြီး တစ်ခန်းလုံးရှိ ပစ္စည်းများသည်လည်းကျိုးပဲ့နေသလို အချို့သောပစ္စည်းများသည်လည်း လေပေါ်မှာဝဲပျံလျက်ရှိကာ အချိန်မရွေးပျက်စီးတော့မည့် အနေအထားဖြစ်နေသည်။
Harry Potterသည် အခန်းထောင့်လေးမှာ ငြိမ်ကုပ်ကာထိုင်နေရင်း နားနှစ်ဖက်ကိုလက်ဖြင့် အုပ်ထားကာ တုန်လှုပ်နေသည်။
"မဟုတ်ဘူး...မဟုတ်ဘူး။ အဲ့ဒါ ငါ့ကလေးတွေရဲ့အဖေ မဟုတ်ဘူး! မဟုတ်ဘူးလို့! သူက Malfoy မဟုတ်ဘူး!! ငါသိတဲ့ Malfoyက ဒီလိုမဟုတ်ဘူး! မဟုတ်ဘူး..."
Harryသည် မြင်တွေ့ခဲ့ရသည့်မြင်ကွင်းအား မယုံကြည်နိုင်ဖြစ်ကာ မျက်ရည်တွေစီးကျနေရင်း တတွတ်တွတ် ရေရွတ်နေသည်။ လက်က သေနတ်ဒဏ်ရာကိုလည်း လစ်လျှူရှုထားသလို ပါးပြင်ကစပ်ဖြင်းဖြင်းနှင့် ခြစ်ရာကိုလည်း အာရုံထဲမထားချေ။
"ဒေါက်..."
ရုတ်တရက်ကြီး ခြေထောက်ကိုတစ်ခုခုကလာထိနေ၍ ငုံ့ကြည့်မိတော့ ဆေးသေတ္တာလေးပင်။ စင်ပေါ်တင်ထားသည့် ဆေးသေတ္တာလေးက ဘယ်လိုလုပ်ပြီး သူ့အနားရောက်လာသလဲဆိုပြီး အတွေးပွားမိစဥ် သူ့ရှေ့ကိုလာရပ်သည့် ခြေဖမိုးဖြူဖြူလေးတစ်စုံကိုတွေ့လိုရ၍ မော့ကြည့်မိလိုက်ရာ မြစိမ်းရောင်မျက်ဝန်းတစ်စုံနှင့် ဆုံမိသွားသည်။
"ဆေးလိမ်းပြီး ပတ်တီးစည်းလိုက်။"
"မင်း!! မင်း..ဘယ်လိုဖြစ်ပြီး.."
"ငါပြောခဲ့တယ်လေ။ မင်းနဲ့ငါ့ကြားက ကိစ္စက မရိုးရှင်းပါဘူးလို့။"
ဒီလောကရဲ့ Harry Potterသည် ခံစားချက်မရှိသည့်မျက်နှာနှင့် သူ့အားငုံ့ကြည့်နေပြီး ဖြေလာသည်။ Harryမှာ တကယ်ကြီးကို ကြောက်လန့်သွား၍ နောက်ကိုပိုဆုတ်သွားပြီး အခန်းနံရံနှင့်တစ်သားတည်းဖြစ်သွားအောင် ကိုယ်ကိုကျုံ့လိုက်သည်။ ထို့နောက် ထိုဝိညာဥ်ပုံရိပ်အား အော်ဟစ်လိုက်တော့ အခန်းထဲမှာပျံဝဲနေသည့် ပစ္စည်းတွေသည် ထိုဝိညာဥ်ဆီသို့ပျံဝဲသွားပြီး ပစ်ပေါက်လိုက်ပေမဲ့ လေယာနယ်ကိုကိုသာဖြတ်သန်းသွားရပြီး အခန်းနံရံနှင့်သာထိမိ၍ ကွဲကြေသွားတော့သည်။
YOU ARE READING
My Rival Becomes My Husband
FanfictionHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...