"Daddy!! သမီးက ဒီဘက်မှာ!!"
မျက်စိရှေ့မှာ ခုန်ပေါက်ပြီးလက်ပြနေသည့် သမီးလေး။ ပခုံးလောက်သာရှိသည့် အနက်ရောင်ဆံနွယ်တွေက Potterလိုမျိုး ခွေခွေလေးတွေမဟုတ်ပဲ ဖြောင့်စင်းနေသည်။ နှာတံချွန်ချွန်၊ Dracoရဲ့အပြုံးတွေနှင့်အတူ ငွေမှင်ရောင်မျက်ဝန်း ဝိုင်းဝိုင်းတွေနှင့် သမီးလေးက Dracoဆီကိုပြေးလာ၍ အသာလေးပွေ့ချီလိုက်သည်။
"ခစ်..ခစ်..Daddy!!"
"Aquila...ပြေးမနေနဲ့လေ။ ချော်လဲမှာပေါ့။"
"Daddyကိုမြင်လို့ ပျော်သွားတာပါ။"
"သမီးရဲ့ အစ်ကိုတွေနဲ့ မမရော? Papaရော ဘယ်ရောက်နေလဲ?"
"တစ်ယောက်မှ မရှိဘူး။ Daddyနဲ့ သမီးပဲရှိတာ!! Daddy..."
ရယ်မောပြီးပြောနေရာကနေ မှိုင်ကျသွားသည့်အတွက် Dracoလည်း စိတ်ပူသွားပြီး
"သမီး...ဘာဖြစ်လို့လဲ?"
"သမီးသွားရတော့မယ်။ သမီးက..."
ပြောရင်းနှင့် သမီးလေးရဲ့ကိုယ်က အမှုန်တွေအဖြစ်နှင့် ပျောက်ကွယ်သွားပြီး Dracoရဲ့လက်ထဲမှာ ရုပ်ဆိုးလှသည့် ကူကောင်တစ်ကောင်သာ ကျန်ရှိခဲ့တော့သည်။ Dracoမှာ အလန့်တကြားနှင့် ကူကောင်ကိုပစ်ချလိုက်ပြီး ပတ်ဝန်းကျင်ကို လိုက်ရှာရင်း
"Aquila! မဟုတ်ဘူး! Daddyကိုမထားခဲ့ပါနဲ့!!"
"Draco? နိုးပြီလား?"
ရင်းနှီးသည့်အသံကိုကြားမှ အသိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကိုကြည့်မိတော့မှ သူသည် ဆေးရုံအခန်းထဲရောက်နေမှန်း သိသွားတော့သည်။ ဆေးရုံကုတင်ပေါ်မှာ ထိုင်ရက်သားဖြစ်နေသည့် သူ့ကို Seniorက ရေတစ်ခွက်ကမ်းပေးလာရင်း
"သောက်လိုက်ဦး။"
"ကျေးဇူး..."
ရေခွက်ကိုယူကာ သောက်ဖို့လုပ်ပြီးမှ သူ့လက်မှာဆေးသွင်းထားသည်ကို သတိပြုမိသွားပြီး
"Senior..ကျွန်တော် ဘာဖြစ်သွားတာလဲ?"
"မင်းမေ့လဲသွားတာ။ ဒီအတောအတွင်း အိပ်ရေးပျက်ထားတာတွေရော၊ စိတ်ပင်ပန်းရတာတွေရော ပေါင်းပြီး အားနည်းသွားလို့ လဲသွားတာ။ အားဆေးသွင်းပေးထားတယ်။"
YOU ARE READING
My Rival Becomes My Husband
FanfictionHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...