"ဘာလို့များ ငါ့ကို အရင်မပြောခဲ့ရတာလဲ?! မင်း ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး! ငါ စိတ်တိုတာ တစ်ခုပဲ! ငါ့ကိုအရင်မပြောပဲ ဘာလို့ သူ့ကို အရင်ပြောပြရတာလဲလို့!"
Draco Malfoy သည် ဒေါသတကြီးနှင့် ပြောရုံသာမက ဘေးမှာထိုင်ပြီး မီးလောင်ဒဏ်ရာတွေကို ဆေးထည့်ပေးနေသည့် Tom Riddle ကိုပါ ညွှန်ပြကာ ပြဿနာရှာနေသည်။
"Malfoy...စိတ်ကို အေးအေးထားပြီး စကားပြောကြရအောင်။"
"ဘာကို စိတ်အေးအေးထား ရမှာလဲ?! အဖမ်းခံရတာလည်း မင်း! ပေါက်ကွဲတဲ့အထဲ ပါသွားတာလည်း မင်းပဲ! တစ်နေကုန် မင်းကို စိတ်ပူရလွန်းလို့ သေတော့မယ်! အခုလည်း မင်းက ဘာတဲ့?! တခြားလောက,က လာတဲ့ မှော်သတ္တဝါဆိုလား?"
"မှော်ဆရာပါ။ ရိုးရိုးတောင် မဟုတ်ဘူး။ အမှောင်သခင် ဗီလိန်ကြီးကို အနိုင်ယူခဲ့တဲ့သူ။"
ကြားကနေ အာချောင်ပြီး ဝင်ထောက်ပေးမိသော Tom Riddle မှာ Draco Malfoy ဆီမှ နဂါးမျက်စောင်းကို လက်ခံရရှိလိုက်တော့သည်။ Harry Potter ကတော့ သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်သည်။ Draco Malfoy မှာ ပိုလို့ဒေါသထွက်သွားပြီး
"သူက အဲ့ဒါတွေလည်း သိတာပဲလား?!"
"သိတာပေါ့! အဲ့အမှောင်သခင်ကြီးက ငါလေကွ! အင်း...အဲ့ဒီ့လောက,က ငါပေါ့။"
"ခင်ဗျား ဝင်ပြောစရာမလိုဘူး!"
"ဒီကောင်လေးတော့! ဟိုဘက်လောကမှာဆိုရင် တုန်နေအောင် ကြောက်နေတဲ့ ကောင်လေးကများ!"
"အခုတော့ မကြောက်ဘူး! တစ်ဦးချင်းယှဥ်မလား!? ရတယ်လေ!"
"တော်ကြပါတော့!!!"
Harry Potter သည် လက်နှစ်ဖက်ကို လေမှာ ယမ်းရင်း စိတ်ရှုပ်ထွေးစွာနှင့် အော်ဟစ်လိုက်သည်။
"အခုအချိန်မှာ ဒါကအရေးကြီးလား?! ကမ္ဘာဖျက်ဖို့ စဥ်းစားနေတဲ့ အရူးတစ်ကောင်ကို တားဆီးဖို့က အရေးကြီးလား?!"
"ဒုတိယတစ်ခုက ပိုအရေးကြီးတာပေါ့။"
"ဒါဆို...တော်ကြတော့! ခင်ဗျားတို့နဲ့ အများကြီး ဆွေးနွေးစရာ ရှိသေးတယ်။"
"....."
ပြောနေရင်း သူ့ကိုပြူးကြည့်နေသည့် နှစ်ယောက်ကြောင့် Harry လည်း ကြောင်သွားပြီး

YOU ARE READING
My Rival Becomes My Husband
Fiksi PenggemarHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...