အဆင့်မြင့် အိမ်ရာဝန်းတစ်ခုထဲရှိ အိမ်ကြီးတစ်အိမ်တွင် ဖြစ်သည်။
Malfoyသခင်လေး Draco Malfoyသည် စံအိမ်ကြီးရဲ့ ဧည့်ခန်းထဲက sofaမှာထိုင်ကာ သတင်းစာဖတ်နေသည်။
မီးဖိုချောင်ထဲမှာတော့ ကလေး၃ယောက်နှင့် Harry Potterဆိုသည့် ကောင်လေးတို့ဟာ အလုပ်ရှုပ်နေကြသည်။
"Papaရေ!!!ပေါင်မုန့်တွေ ပွတက်လာပြီ!!!လာကြည့်ပါဦး!!!"
Baking machineကို စောင့်ကြည့်နေသည့် Lilyက အော်လာတော့ အမွှာနှစ်ယောက်နဲ့အတူ ဂျုံနယ်နေသည့် Harryက စက်ကိုလာကြည့်ပြီး
"ဟုတ်တယ်နော်....ပြီးရင် လခြမ်းပေါင်မုန့်တွေ ရလာတော့မှာ။Lilyက စားမှာလား?"
"စားမှာပေါ့။ဒါပေမဲ့ Daddyကို မကျွေးနဲ့နော်။သူက ဘာမှလာကူညီတာ မဟုတ်လို့ မကျွေးနဲ့။"
နှုတ်ခမ်းဆူကာ ပြောလာသည့် သမီးငယ်လေးကို Harryက ပါးလေးကိုအသာဆွဲရင်း
"ဒါဆို...Daddyက ဝမ်းနည်းသွားမှာပေါ့။"
"ဒါဆို မီးမီးသွားပြောမယ်။စားချင်ရင် လာကူညီဆိုပြီး။"
ပြောလည်းပြော လှုပ်လှုပ်နဲ့ ဧည့်ခန်းကိုပြေးသွားသည့် သမီးငယ်လေးကို Harryကအသာပြုံးကြည့်နေပြီးမှ သားနှစ်ယောက်အနားကို ပြန်သွားလိုက်ကာ
"သားတို့ရေ...ဂျုံနယ်ပြီးရင် Papaတို့ Cheeseပေါင်မုန့်လုပ်ကြရအောင်။အဆင်သင့်ပဲလားဟေ့!?"
"အဆင်သင့်ပါပဲ...Papa!!!"
မျက်နှာလေးတွေမှာ ဂျုံတွေနဲ့ပေပွနေသည့် သားနှစ်ယောက်ကလည်း ပြန်ပြောကြရာ Harryမှာအသည်းယားစွားနဲ့ သားနှစ်ယောက်ရဲ့ ပါးတွေကို အသာနမ်းပြန်သည်။
"မွ!!မွ!!"
"Papaသားလေးတွေက အရမ်းကိုလိမ္မာပြီး တော်လိုက်ကြတာ!!!"
"ခစ်...ခစ်...မုန့်ဖုတ်ပြီးလို့ ဟင်းချက်ရင်လည်း သားတို့ကူမယ်နော်။"
Scorpiusက တခစ်ခစ်ရယ်ရင်း ပြန်ပြောပေမဲ့ Albusကတော့ တိတ်ဆိတ်သွားပြီးမှ အသံတိုးတိုးလေးဖြင့်
"သားကတော့ မကူတော့ဘူးနော်။ငါးကြီးက မျက်လုံးကြီးပြူးပြီး သားကိုကြည့်နေမှာကို သားမခံစားနိုင်ဘူး။"
![](https://img.wattpad.com/cover/284013708-288-k742189.jpg)
YOU ARE READING
My Rival Becomes My Husband
FanficHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...