မီးရောင်မှိန်မှိန်လေးသာ ထွန်းထားသည့် မြေအောက်ခန်းထဲတွင် Malfoyလုပ်ငန်းစုရဲ့ အရှင်သခင်ဖြစ်သူ Draco Malfoyသည် နံရံနှင့်ကျောပြင်ကိုကပ်ထားရကာ ခြေတွေလက်တွေကို သံကြိုးတွေနှင့် ချည်နှောင်ခံထားရသည်။
ဖမ်းခေါ်လာကတည်းက ဝတ်ထားသည့် စတိုင်ပန်မီးခိုးရောင်သာ ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေပြီး ကျန်သည့်နေရာတွင် လုံးဝအဝတ်မကပ်နေသည့်အပြင် ဖြူဖွေးပြီးတောင့်တင်းသည့် ရင်အုပ်ကျယ်မှာ ယခုအခါတွင်တော့ ဒဏ်ရာဒဏ်ချက်တွေပြည့်နှက်နေပြီး ပြတ်ရှရာတွေရှိသည့်နေရာကရှိ၊ အညိုမဲစွဲသည့်နေရာကစွဲနှင့် ကြည့်ရဆိုးလှသည်။
တည်ကြည်ပြီး ခန့်ညားလွန်းသည့် မျက်နှာတွင်လည်း ထိုးရာ၊ ကြိတ်ရာတွေနှင့် သွေးအလိမ်းလိမ်းဖြစ်နေပေမဲ့လည်း ခန့်ညားမှုတို့ မပျောက်ဆုံးသေးသလို စူးရှသည့် ငွေမှင်ရောင် မျက်ဝန်းတစ်စုံတွင် ခေါင်းမာခြင်းနှင့် အရှုံးမပေးသည့် အရိပ်အယောင်တွေ ထင်ဟပ်နေသည်။
Draco Malfoyသည် သူ့ရှေ့မှာရပ်နေသူတွေအား ခပ်စူးစူးကြည့်နေရာမှ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
"ဘာလဲ? မနှိပ်စက်နိုင်တော့ဘူးလား? မေးဦးလေ။ မင်းတို့ ဘာမေးမေး ငါက ပါးစပ်ပိတ်ထားမှာ။"
ရောက်လာကာစကတော့ Malfoyသခင်လေးသည် ဒေါသတကြီးနှင့် ကြိမ်းဝါးပြောဆိုတတ်ပေမဲ့ အချိန်ကြာလာသည့်အခါ တည်ငြိမ်သွားပြီး ထိုလူတစ်စုအား မခံချင်အောင် ခပ်ထေ့ထေ့ပြောပြီး ရန်စရာမှလွဲလျှင် တခြားအကြောင်းအရာတစ်ခုကိုမှ ပါးစပ်ကမဟချေ။
"ဖြောင်း!!!"
"ခေါင်းကြောက မာလှချည်လား?!"
မိန်းမတစ်ယောက်သည် Malfoyသခင်လေးရဲ့ပါးကို အားပြင်းပြင်းနှင့် ရိုက်ချပစ်လိုက်ပြီး ဒေါသတကြီးရေရွတ်သည်။ ရိုက်ချက်မှာပြင်းလွန်း၍ Malfoyသခင်လေးရဲ့မျက်နှာမှာ လည်ထွက်သွားပြီး နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျလာပေမဲ့ Malfoyသခင်လေးသည် ပိုလို့ပီမြင်စွာ မဲ့ပြုံးပြုံးလိုက်ရုံမှတစ်ပါး ဘာမှပြန်မတုံ့ပြန်ချေ။
"သခင်လေးကိုပေးတဲ့ ဗို့အားကနည်းနေသေးလို့ ထင်ပါရဲ့။ ပြုံးတောင် ပြုံးနိုင်သေးတယ်ဆိုတော့လေ။"
YOU ARE READING
My Rival Becomes My Husband
FanfictionHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...