Saliburyမြို့တော်၏ မြို့ပြင်ရှိ လူသူကင်းရှင်းနေသည့် အဝေးပြေးလမ်းမပေါ်တွင် ပြိုင်ကားအနီလေးတစ်စင်းသည် ဖြည်းညှင်းစွာမောင်းနှင်လျက်ရှိသည်။ ပြိုင်ကားလေးမောင်းနှင်နေသည်မှာ နှေးကွေးလွန်းလှပြီး ဘီးတစ်ဘီးချင်းလိမ့်ကာ မောင်းနှင်နေသည်ဟု ပြောလျှင်ပိုမှန်ပေလိမ့်မည်။
Dracoတစ်ယောက် ကားကိုတစ်ဘီးချင်းစီလှိမ့်ကာမောင်းနေသည့် Potterအားစိတ်ပျက်စွာကြည့်နေရာမှ သည်းမခံနိုင်တော့ပဲ ဆူတော့သည်။
"Potter!! ကားကိုဘာလို့အဲ့လောက်တောင် နှေးနှေးမောင်းနေရတာလဲ?! နှေးလွန်းလို့ ခရုတောင်ငါတို့ကို ကျော်တက်သွားနိုင်တယ်!!"
"မင်းပဲဖြည်းဖြည်းမောင်းဆိုလို့လေ!!"
နှုတ်ခမ်းဆူကာပြန်ဖြေသည့် Potterကြောင့် Dracoမှာ ထွက်လာသည့်ဒေါသတွေကို သေချာထိန်းလိုက်၍ပြန်ဖြေရသည်။
"မင်းက လီဗာကိုဆောင့်ဆောင့်နင်းလို့လေ!! ဒီလမ်းကြီးကရှင်းနေလို့သာပဲ! မဟုတ်ရင် ရှေ့ကကားတွေကိုပါ နောက်ကနေဝင်ကြုံးလုနီးပါးမောင်းနေလို့ ငါအရှိန်လျှော့ခိုင်းတာလေ! ပြီးတော့ လမ်းရှင်းနေလို့ အရှိန်မထိန်းနိုင်ပဲ ကားမှောက်သွားရင် ဘယ်သူမှလာကူညီမှာလည်း မဟုတ်လို့ အရှိန်လျှော့ခိုင်းတာ!! ဒါကိုလိပ်သွားသလိုမျိုး အရှိန်ကိုလျှော့ချပစ်ရသလား?!"
"မသိဘူး..မင်းလျှော့ခိုင်းလို့ ငါလျှော့လိုက်တာ။"
"အခုအရှိန်ပြန်တင်! ဒီနှုန်းနဲ့သာဆိုရင် ညနေစောင်းတောင် Malfoyစံအိမ်ကို ပြန်မရောက်နိုင်ဘူး!!"
"မတင်ရဲဘူး။ ကားကအရမ်းမြန်တယ်။ မင်းပြောသလို အရှိန်မထိန်းနိုင်ပဲ မှောက်သွားရင် ပြဿနာ! ငါသေသွားတာက ကိစ္စမရှိပေမဲ့ မင်းပါသေသွားရင် ကလေးတွေ မိဘမဲ့ကုန်လိမ့်မယ်ဟ!! ကလေးတွေရဲ့အနာဂတ်အတွက် မင်းကတော့လုံးဝရှိနေမှ ဖြစ်မှာ။"
ကားစတီယာရင်ကို တင်းတင်းဆုပ်ကိုင်ရင်း Potterကဖြေလာရာ Dracoမှာ ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားရသည်။ ထို့နောက် Potterရဲ့ကားစတီယာရင်ကို ဆုပ်ကိုင်ထားသည့်လက်ကို Dracoကအုပ်ကိုင်လိုက်ပြီး
YOU ARE READING
My Rival Becomes My Husband
FanfictionHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...