Part(I) အပိုင်း (၂)

1.5K 102 2
                                    

"ဘုဏ်းမြတ် --! ၊  ဘုဏ်းမြတ် --! ၊ကျောနံပါတ် (7)   ဘုဏ်းမြတ်မောင် ၊ ကြိုးစားထား --!"

" ကျောနံပါတ် (7) ဘုဏ်းမြတ်မောင် "

"ကျောနံပါတ် (7) ပါပဲ ခင်ဗျ --!"

"ဝင်သွားပါပြီဗျ ---! ။ ဒီနှစ်ရဲ့ ဘက်(စ်)ကက်ဘော ချန်ပီယံဆုကိုတော့ လင်း(မ်)ဘဒ်ရဲ့  အကြီးတန်း ဖြစ်တဲ့  ရေကြောင်းသိပ္ပံမှ ဆွတ်ခူးရရှိသွားပါပြီ "

"လင်း(မ်)ဘဒ်ကွ--! ၊ ဘုဏ်းမြတ်မောင် --!"

နားကွင်းဖော်ပြီး  ပုခုံးအောက် ရောက်နေသည့် ဆံသားများကို စုစည်းထားသည့်
မော်ရစ်ဦးသာ ။ အားကျိုးမာန်တတ်နှင့် သူ၏ ရှေ့ခုံမှ နေပြီး  ကိုဘုဏ်းတို့ အသင်းအား  အားပေးနေလေသည်။ မောရစ်ဦးသာ၏  အသံတစ်သံ ထွက်လာတိုင်း ဘက်(စ်)ကက်ဘော ခြင်းတောင်းထဲသို့   ဝင်သွားသည့် ကိုဘုဏ်းသွင်းသော ဘောလုံးလေးများ ။ ဘောလုံး တစ်လုံး ပိုက်ခြင်းထဲ ဝင်ပြီးတိုင်း  မောရစ်ဦးသာ ဘက်လှည့်ပြီး ပြုံးသည့် ကိုဘုဏ်း။ ပြုံးသည်ထက် ပိုသည့်  ထိုအချိန်က ကိုဘုဏ်း ၏ မျက်နှာကျထပ်၌ ရှိနေသည့် ပုံရိပ်သည် ရွှင်မြူးရိပ် ပြည့်စွာနှင့်  ရှိနေသည့် ရယ်ခိုး ၊ရယ်ရိပ် တွေသာ ဖြစ်နေလေသည်။

"မောရစ် --! လာအားပေးတာလား --?"

မောရစ်ဦးသာ စကားနှင့်မဖြေ ၊ ကိုဘုဏ်း၏ အမေးအား ခေါင်းလေးတစ်ချက်ပဲ ညိတ်ပြသည်။ 

"ကိုဘုဏ်း--! ၊ ကိုဘုဏ်း အတွက် "

"လင်း(မ်)ဘဒ် ကျောင်းရဲ့ ဂုဏ်ကို ဆောင်ပေးတဲ့ ကိုဘုဏ်း အတွက် --! "

"အဲ့တော့ ငါတို့က မပါတော့ဘူးလား --! "

"အင်းလေ ၊  ငါတို့လည်း ငဘုဏ်းနဲ့  တစ်ဖွဲ့တည်း ကစားခဲ့တဲ့ အသင်းသားတွေပါနော် "

ကိုမင်းထက်သာ၏ စောင်းချိတ်ချိတ် ၊ ခပ်ရွဲ့ရွဲ့ စကားများရယ် ကိုဘုဏ်းအား လက်ဆောင်ပေးနေကြသည့်  လင်း(မ်)ဘဒ် ကျောင်းမှ လူပျို /အပျို များ၏ စကားများရယ် နှင့်  အင်လန်ယောနိုင်ငံရှိ ဗရော့(စ်)မတီ  ဘက်(စ်)ကက်ဘောကွင်းတွင်  သံစုံတီးဝိုင်းအလား   အသံမြိုင်နေသည်။
ကိုဘုဏ်းကတော့ မည်သူ့ကိုမှ မကြည့် ၊ မည်သူ့လက်ထဲမှ ရှိနေသည့် တန်ဖိုးကြီး ပစ္စည်းများကိုလည်း မတတ်မက် ၊မလိုချင်သည့် အသွင်နှင့် မောရစ်ဦးသာ ပေးသည့် ရေဗူးလေးကိုသာ သောက်နေသည်။ ပြီးတော့ ကိုဘုဏ်း၏ အကြည့်များသည် မောရစ်ဦးသာထံ၌သာ ကပ်ညိနေပြီး မောရစ်ဦးသာသည်လည်း ကိုဘုဏ်းထံ၌သာ သူ၏ အကြည့်များက ရှိနေလေသည်။

" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]Where stories live. Discover now