တစ်ရက် ၊ တစ်ရက်နှင့် သေသူများ၏ အောက်မေ့ဖွယ်ရာနေ့ ကျင်းပသည့် ရက်ပင် ရောက်ရှိလာခဲ့၏။ ဒီရက်အထိ သာယာသတီဗျိုင်းရွာကြီး၌ ရှိနေချင်သည့် အဖေဆက်သည် မအားလပ်သည့် တာဝန်၊ဝတ္တရား ခေါင်းစဉ်တွေအောက်၌ သူသည်လည်း လွန်ဆန်ရ်ျ မရခဲ့ပါ ။ တပ်နယ်ထဲတွင် ကျင်းပသည့်
ပွဲ၏ နောက်ရက်၌ပင် မြို့တော်ကို ပြန်သွားခဲ့ပြီ ဖြစ်၏။သာယာသတီဗျိုင်းရွာကြီး၏ အရှေ့မြောက်ဘက်တွင် တည်ထားသည့် သေသူများ၏ ခေါင်းချရာနေရပ်မှ နံ့သာစုံ ရနံ့များ ၊ ပန်းဝတ်မှုံ ရနံ့များ
ယှက်ဖြာနေသည့် ရနံ့များတွင် သူ၏ စိတ်သည် မိန်းမော တွေဝေနေသည်။ သူဘယ်လို ဆုံးဖြတ်ရမလဲ ။ တစ်လမှ တစ်ကြိမ်လေး ၊ တစ်ကြိမ်လေး ဆိုလျှင်ဖြင့် သူသည်မှာတော့ မေကြီး၏ ခေါင်းချရာ နေရပ်သို့ တစ်ကြိမ်မှ မရောက်ခဲ့ပါ ။ သွားဖို့ ခွင့်မပြုခဲ့သူ၏ စကားတွင် သူသည်မှာ တန်ပြန်စကားလုံးများ မထုတ်ခဲ့ရ ။ စကားပြောဖို့ဆိုသည်မှာ ဝေးစွနှင့် သူ့လည်ပင်းမှ ရှိလာသည့် စကားလုံးကြီးအား တစ်ခွန်းစရှိသော စကားနှင့် ကိုဘုဏ်းမှာ ပိတ်ထားခဲ့သည် ဖြစ်၏။" မိဘ ။ အရေးကြီးတယ် ။
အောက်မေ့ ဖွယ်ရာနေ့ ၊ သွားခွင့် မရှိဘူး ။
ခွင့်မပြုတာ ။ ဒါက ဒဏ်ဆိုလည်း ဒဏ်ပဲ ။
သေသူအတွက် စကားလုံးတွေနဲ့ မဖို့ချင်တော့ဘူး ။ ကျန်ရစ်တဲ့ သားဖြစ်သူ မင်းကပဲ ပေးဆပ်ပေါ့ ။ ဒါက ဘာလို့လဲ သိလား ။ "" တပ်မတ်လို့--! ။
မင်း တပ်မတ်လို့ ---! ။
မိဘနဲ့ သား ၊ သမီးကြား စိတ်ဝမ်းကွဲအောင် လုပ်ခဲ့တဲ့ မင်းရဲ့ တပ်မတ်တဲ့ စိတ်ကြောင့်ပဲ ။
အောက်မေ့ဖွယ်ရာနေ့ရောက်တိုင်း မင်းခံစားမယ့် ပြစ်ဒဏ်ကို ငါကြည့်နေမယ် ။ ဘယ်ထိ သည်းခံနိုင်မလဲ "ထိုစကားများအတိုင်း သူသည်မှာ အောက်မေ့ဖွယ်ရာ နေ့ရောက်တိုင်းတွင် ယူကျုံးမရ ဖြစ်ရသည်။ သူနာကျည်းရသည်။ သူသည်းခံရသည်။
အတိုင်းအတာတဲ့ ၊ ဘယ်ထိ တိုင်းတာနေရမလဲ ။
သူသည်မှာ ကိုဘုဏ်း၏ စကားအား အရေးအရာကြီး လုပ်ပြီး နှလုံးသားရော ၊ ဦးနှောက်ကပါ ဆွဲနေလေသည်။ မြင့်မိုရ်မက ကြီးမားလှတဲ့
မေတ္တာတရား အထွတ်အထိပ်တွင် သူသည်မှာ
မိဘနှင့် သား ၊သမီးကြားက မေတ္တာတရားကို ဖျက်ခဲ့မိသည်တဲ့ ။ ဘယ်အကြောင်းတွေများလဲ ။ ကိုဘုဏ်း ၊ သူ့အား လက်ထပ်လိုက်ရသည့် အကြောင်းအရာလား ။ ဒါပဲ သူ့အတွေး၌ တစ်ရိပ်ရိပ်နှင့် ပေါ်လာ၏။ သို့မဟုတ် … ၊ ကိုဘုဏ်း
တွေးထင်ရာ၌ ကြီးစိုးနေသည့် မေကြီးနှင့် အဖေဆက်၏ ရာဇဝင်လား ။ သူဘယ်လို ရှင်းရမလဲ ။
ရိုးရှင်းသည့် ရာဇဝင်ကို ကိုဘုဏ်းမှာ အမြင်မှားစွာနှင့် ရာဇဝင်ရိုင်းတစ်အခုအဖြစ် ရင်တွင်း၌ ဆွဲမြဲထားလေသည်။ အဆွဲကြီးချက်ကတော့ မခေပါဗျာ ။
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]