Part (II) အပိုင်း (၁၀)

1.3K 59 1
                                    

ရက်ပိုင်းအတွင်း သူ့ထံ၌  ရှိလာသည့် ပုံရိပ်များတွင်  လင်း(မ်)ဘဒ်ရှိ  ပုံရိပ်သွင်ပြင်များသာ  ကြီးစိုးနေသည်။  လင်း(မ်)ဘဒ် ဆိုသည်နှင့်   ဆက်စပ်မိသည့် တစ်စုံတစ်ဦးကြောင့် ဆိုသည်ကိုတော့  သူ မညာရက်ပေ ။

လင်း(မ်)ဘဒ် တက္ကသိုလ် ၊  စာကြည့်တိုက်ဝန်း ။

" ဘုဏ်းမြတ် ဘာရှာလဲ "

" စာအုပ်လေး တစ်အုပ်ပါကွာ  "
အဖြေ ရှိပြီးရော  သူဆိုလိုက်သည်။

"ဘာအမျိုးအစားလဲ  ငါ ရှာပေးမယ် "

"ဟမ်  ၊ အင်း "
အရှေ့မှ ကောင်တာခြားကာ ရှိနေသည့် အတန်းဖော်ကို ကြည့်ပြီး   သူတွေဝေနေမိသည်။
သူ ဘာဖြေလိုက်ရမလဲ ။ အဖြေရှိပြီးရော ရောချမှ  အချိန်ပိုင်း စာကြည့်တိုက်တာဝန်ယူနေသည့်  အတန်းဖော်မှာ ရှာပေးမယ် တကဲကဲ လုပ်နေသည်။

" ရုက္ခဗေဒ စာအုပ်တစ်အုပ်ပါကွာ ။
ဟိုတလောက နယ်မြေ ရှင်းလင်းရေး ခရီးထွက်တော့   အလယ်ကျိုးအင်းက နည်းပြ ပြောတဲ့ စာအုပ်လေ ၊ အဲ့ဒါ "

"သြော် --!  "

"ဘုဏ်းမြတ်  စာဖတ်မယ် ပြောလို့
ဘာစာအုပ်လဲလို့  ၊ သိတယ် ။ သိတယ် ။
တိမ်ဖုန်းတိုက်က ရုက္ခဗေဒ ပညာရှင်ကြီး
ဆာဝေလျှံမင်းသျှင်​ပြုစုတဲ့   ပင်လယ်ပြင်နဲ့
ကုန်းပိုင်းရဲ့ သဏ္ဌာန်ဆိုတဲ့ စာအုပ်လေးပဲ ။အဲ့စာအုပ်လေ   တော်တော်ကောင်းတယ် ။ ငါလည်း ဖတ်ပြီးပြီ "

သူခေါင်းညိတ်ရင်း  အတန်းဖော်ပြောနေသည့် စကားများအား နားထောင်နေလိုက်သည်။
အတန်းဖော်မှာ စကားတစ်ပြောပြောနှင့် ထိုစာအုပ်အား  ရှာပေးနေသည်။  ကြီးမား ကျယ်ပြန့်သည့် စာကြည့်တိုက်၏   မြေအနေအထားအပြင်   မရေတွက်နိုင်စွာ ရှိသည့် စာအုပ်များကို ကြည့်ပြီး ရှာမတွေ့ ပါစေနှင့် သူဆုတောင်းလိုက်၏။ သူ စာကြည့်တိုက်ကို လာခဲ့သည်မှာ စာအုပ်ကြောင့် မဟုတ် ၊ ရေကြောင်းသိပ္ပံကျောင်းသားတစ်ဦး ဖြစ်သည့် ကာယ ဉာဏ အားပြိုင်ခြင်းတွင် သူသည်မှာ ဉာဏထက် ကာယအားက ပိုသန်နေခဲ့သည်။ ဘွဲ့ရပြီး ပင်လယ်ပြင် ဆင်းရမည့် သူ့တို့ထံတွင် စာတွေ့ထက် လက်တွေ့ကသာ  သာရ်ျ  အသုံးဝင်သည်။ ထို့ကြောင့် သူ  စာကြည့်တိုက်လာသည်မှာ အထူးအဆန်းကြီး ဖြစ်သွားသည်လည်း ဖြစ်လောက်မည်။

" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]Where stories live. Discover now