သာယာသတီဗျိုင်းရွာ၏ နေ့သစ်မနက်ခင်းတိုင်းမှာ ဘုဏ်းမြတ်အဖို့ နေ့တိုင်းလ်ိုလို ရက်ရာဇာ / နေ့ကောင်းရက်သာ အဖြစ် တည်ရှိနေ၏။ မြို့တော်အတွက် အကြိုးဆောင်ပေးခဲ့သည်တင် မဟုတ်ပဲ တိုက်ကြီး ရှစ်တိုက်လုံး၏ ကြက်သည်းထဖွယ် ကိစ္စရပ်ကြီးကိုပါ ဖြေရှင်းနိုင်ခဲ့ရ်ျ မြို့တော်မှ ဘုဏ်းမြတ်အား ရာထူးကြီး ချီးမြှင့်ပေးထားပြီး အနားယူရက် များစွာပင် ပေးထားလေ၏။
မိုးသောက်မှ ရောင်နီ … ၊ အာရုဏ်တက်လို့ နေတက် / နေဝင်ချိန်ထိ ဘုဏ်းမြတ်မှာ ပန်းအနားတွင် နေရင်း သူ၏ သားဖြစ်သူ ဘုဏ်းဆက်လင်္ကာလေးထက်ပင် ကပ်ပါ၏ ။ ချွဲပါ၏။
" ဖေဖေ--! ဖေ--! ။"
"ဖေဖေ---!"
ဘုဏ်းဆက်လေး၏ အသံမှာ အိမ်အောက်ထပ်၌ ရှိနေသည့် မီးဖိုဆောင်နှင့် နီးလာပါ၏။ ထိုအချိန်ထိ ဘုဏ်းမြတ်မှာ သူ၏ သားအား အသံမပြုသေးပါ ။"မောင် --! ဘာလုပ်နေတာလဲ ။
အပြင်မှာ စောင့်နေလို့ပြောတာကို …"
ပန်းမှာ မီးဖိုထဲသို့ ဝင်လာပြီး ဘုဏ်းမြတ်ကို တွေ့သည်၌ အလန့်တကြားပင် မေးပါ၏။ ထိုအခါတွင် ဘုဏ်းမြတ်မှာ သူ၏ လက်ထဲ၌ ရှိနေသည့် ကြက်ဥပန်းကန်လုံးနှင့် ကြက်ဥမွှေတံအား မျက်စပြစ်ပြရင်း" မောင် က ပန်း မပင်ပန်းရအောင် ကူညီပေးချင်လို့ပါ " စသဖြင့် ရယ်ကျဲကျဲနှင့် ပြောပါ၏။
" ပြပါအုံး …! မောင်ကူညီချင်တဲ့ ကြက်ဥခေါက်ထားတာလေး "
ပန်းမှာ ဘုဏ်းမြတ်ကို ကြည့်ပြီး ဘုဏ်းမြတ်လက်ထဲ၌ ရှိနေသည့် ပစ္စည်းများအား ကြည့်၏။" ကြက်ဥမွှေတာတော့ ဟုတ်ပါပြီ ။
ထားခဲ့လိုက်တော့ …! ကျန်တာ ကျွန်တော် ဆက်လုပ်လိုက်မယ် "" ကျွန်တော်လား …! "
ရုပ်တည်ကြီးနှင့် ဘုဏ်းမြတ်မှာ ပန်းအား စကားစလိုက်ပါ၏။" အင်းလေ …! ကျန်တာ ကျွန်တော် ဆက်လုပ်လိုက်မယ်လို့ …! ။ ဂျုံနယ်တာနဲ့ မုန့်ဖုတ်ဖို့ပဲ ကျန်တော့တာမလား "
ပန်းမှာ သူလုပ်နေသည်များကိုသာ ဂရုစိုက်ရင်း ပြောပါ၏။ ထိုအခါတွင် ဘုဏ်းမြတ်၏ မျက်နှာရိပ်ထပ် အလိုမကျမှု များစွာ ဖြစ်လာကာ
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]