" ဒီတစ်ခေါက် စစ်ဆင်ရေး အထိအခိုက်များတယ်လို့ ကြားတယ် ။ တပ်ထဲ ဘာအရေးတွေ ညံ့နေတာလဲ ၊ မင်း တင်ပြချင်တာမရှိဘူးလား "
"တင်ပြရမယ်ဆိုရင်တော့ အများကြီးပဲ အဖေ ။
အထက်က အမိန့်ပေးတယ် ။ ဟုတ်တယ် ၊
ရတယ် ။ သူတို့က လူကြီးမလို့ အမိန့်ပေးတာ ။ ဒါပေမယ့် အောက်ခြေမှာ ရှိတဲ့လက်အောက်ငယ်သားတွေက အဲ့ဒီ့ စစ်ဆင်ရေးရဲ့ ဒဏ်ကို မခံနိုင်ကြတော့ဘူး။
သင်တန်းပေးတွေ နည်းလာတယ် ။ စစ်မြေပြင်ထွက်ရတဲ့ ရက်များလာတယ် ။
အဓိကက အဲ့ဒါပဲ "" ရေသောက်မြစ်လိုက်ရင် အဓိက တရားခံက အမိန့်ပေးတဲ့ ပုဂ္ဂိုလ်လား "
"ကျွန်တော့် ဆိုလိုရင်း အဖေသိမှာပါ "
"ဒီတစ်ခေါက် အစည်းအရုံးတင်ပြရက်ကျ
တင်ပြပေးမယ် ။ ဒါနဲ့ မင်းဒဏ်ရာတွေရော သက်သာလာပြီလား "" ဒါတွေလား ၊ မဖွဲ့စလောက် လေးတွေပါ ။
ကျင့်သားရလာတော့လည်း ဒုံရင်းကဒုံရင်း ဖြစ်သွားတယ်ပဲ ပြောရမလား ။ တိုင်းပြည်အတွက် အသက်ပေးပြီး ကာကွယ်ပါ့မယ်လို့ ဘုရင်မင်းမြတ် ရှေ့တော်မှာ ကိုယ်၊နှုတ် ၊အပြုအမူ သုံးပါးစလုံးနဲ့ ကျိမ်ဆိုထားတဲ့ တိုင်းပြည်ရဲ့ စောင့်ရှောက်သူတွေပဲ ။ မမှုတော့ပါဘူး "ကိုဘုဏ်း၏ စာကြည့်ခန်းအရှေ့၌ သူခဏမျှ ရပ်နေမိသည်။ ကိုဘုဏ်းနှင့် အဖေဆက်၏ စကားသံများ သူကြားနေရသည်။ နားထောင်သည်မျိုး မဟုတ်ပါ ။ စကားပြောနေရင်း သူဝင်သွားပါက စကားစပြတ်သွားမည် ဆိုးရ်ျ သူတံခါးခေါက်ရနိုးနိုး ချင့်ချိန်နေခြင်းသာ ဖြစ်ပါ၏။
"ဒေါက် ဒေါက် "
"ကျွန်တော် ပါ"
အခန်းအတွင်းမှ အသံပြုခြင်း ရှိမလာပေ ။
သို့သော် သူသည်မှာတော့ ထိုအခန်းအတွင်း၌
ရောက်နေပြီ ဖြစ်၏။ ထိုတွင် ကိုဘုဏ်းနှင့် အဖေဆက် ၊ နှစ်ဦးစလုံး အသံတိတ်ကာ စကားစများအား ရောက်နေရာမှ ဖြတ်လိုက်လေသည်။" အိုး--! သားပဲ ။ လာ ၊ လာ ။လာပါအုံး "
သူ့အား အဖေဆက် ဖော်ရွေစွာ အနား ခေါ်ပါ၏။" အဖေဆက် နဲ့ ကိုဘုဏ်း အတွက်ပါ ။ "
"နွားနို့လေးတွေပဲ ။ တောရိပ် ၊ တောင်ရိပ် အနံ့၊ အရသာ ပြည့်စုံတဲ့ နွားနို့လေး ဘယ်တုန်းက
အဖေဆက် နောက်ဆုံး သောက်ခဲ့တာပါလိမ့် "
အဖေဆက် သူ၏ လက်ထဲမှရှိသည့် နွားနို့တစ်ဖန်ခွက်အား ယူကာ သောက်လိုက်ပါသည် ။
ထိုတွင် ကိုဘုဏ်းလည်း လင်ဗန်းပေါ်၌ ကျန်ရှိနေသည့် နွားနို့ခွက်အား ယူလိုက်ပါ၏ ။ သောက်တော့ မသောက်သေးပါ ။
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]