Part (I) အပိုင်း(၃)

1.2K 98 1
                                    

သာယာသတီဗျိုင်းရွာ၏ တည်ဆောက်ပုံမှာ ရိုးမလိုလိုနှင့် ဆန်း၏။ ရွာမှာ  သစ်ရိပ် ၊ဝါးရိပ်များနှင့်  ဖုံးလွှမ်းနေကာ  ရွာရှိသည်ဟုပင် မထင်မှတ်စွာနှင့် ပျောက်နေလေ၏။ ဤသည်မှာ နယ်မြေပိုင်းခြားပေးသည့် မြို့တော်၏ အစီအမံတစ်ခုသာ ဖြစ်သည်။  သူတို့၏ စကြာဝဠာကြီး၌ ရှိသည့် တိုက်ကြီးရှစ်တိုက်ထဲတွင်  အဓိကကျသည့် ရေတပ်ကို ပိုင်ဆိုင်သည်မှာ  သူနေထိုင်သည့်  စိုစဲမိတိုက်၏ မဟာဒေဝီရောနိုင်ငံက  ရေတပ်ဧရိယာအား များစွာ လွှမ်းမိုး ချုပ်ကိုင်ထားနိုင်လေသည်။ ပင်လယ်အော်နှင့် နီးကပ်သည့်အပြင် ရေပိုင်းများသည့် အတွက် အခြားတိုက်များ၏  ရေကြောင်းခရီးများတွင်ပင်  သူတို့နိုင်ငံ၏ ရေတပ်ကသာ  အခြား တိုက်များ၏  ရေကြောင်းခရီး ၊တိုက်ရေး ၊ တ်ိုက်ရာ များအား ဖြေရှင်းပေးရသည်။ယနေ့တွင်ပင် က်ိုဘုဏ်းမှာ  မြို့တော်၏ အခေါ်လွှတ်မှုနှင့်အတူ ပင်လယ်အော်ရနှင့် နီးကပ်စွာ ရှိသည့် အရှေ့ပင်လယ်တ်ိုက်သို့  သွားရောက်ရသည်။ အကြောင်းအရာကိုတော့ သူလည်းပဲ မသိပါ ။ ကိုဘုဏ်းပင် အဘယ်ကြောင့် ခေါ်လွှတ်ခံရလဲ မသိသလို ၊ အကယ်ရျ် သိခဲ့ပါလျှင်လည်း သူ့ကို အရေးလုပ်ပြီး  အသိပေးမည်မှာ   မဟုတ်ချေ ။

"မဒမ် --! "

သူရွာလမ်းမကြီး၌  လမ်းလျှာက်နေစဉ်မှာပဲ သူ့အား  ခေါ်လိုက်သံ ကြားလိုက်ရသည်။ ထိုအခါတွင် သူ  အနောက်သို့ လှည့်ကြည့်လိုက်၏။

"အဘ --!  နေကောင်းရဲ့လား "

"နေကောင်းတယ် မဒမ်။ဗိုလ်ကြီးရော နေကောင်းရဲ့လား "

"နေကောင်း ကျန်းမာပါတယ် အဘ"
သူ့အား နှုတ်ဆက်သူ အဘ   သူ့အား  အတန်ကြာသည်ထိ အကဲခတ်ပြီးမှ

"နေအုံး မဒမ် --!  ။ ဗိုလ်ကြီးနဲ့ မဒမ် စားဖို့  ခြံထွက် သီးနှံလေး ယူသွားပါအုံး "

"ဟုတ်ကဲ့ အဘ"
သူစောင့်ရင်း  အဘပေးသည့်  ခြံထွက်သီးနှံများအား သူယူလိုက်သည်။ ပြီးနောက်တွင်တော့  သူ
သွားလိုရာသို့သာ ဦးတည်ရင်း ခြေဦးတည့်သည့် အရပ်သို့ ဦးတည်လိုက်တော့၏။  သူ့ကို မဒမ်ဟု ခေါ်သည့် စကားအသုံးအနှုန်းကိုတော့ သူမစိမ်းသက်နေတော့ပါ ။ သူတို့၏ စကြာဝဠာတွင်ရှိသည့်  အိမ်ထောင်သည်ဇနီးများသည်   မဒမ်ဟုသာ ခေါ်ဝေါ် ညွှန်းဆိုခံရသည် ။ဒီထဲတွင် သူသည်လည်း  အိမ်ထောင်ရှင်တစ်ဦး ဖြစ်ခဲ့သည် မဟုတ်လော ။

" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]Where stories live. Discover now