သာယာသတီဗျိုင်းရွာ၏ ပင်လယ်အော်တွင် ပင်လယ်ကူးသင်္ဘောတစ်စီး ရပ်ထားပေ၏။
ထိုသင်္ဘောထပ်၌ ရှိနေသူတွေက အမတ်မင်း ၊ ပါလီမန် အကြံပေး နှင့် ဆံပင်အလည်ခွဲထားသော သူ၏ ပါတနာတို့ ဖြစ်သည်။ ထိုသူတွေမှာ သူတို့၏ နေရပ်ဖြစ်ကြသည့် တိုက်အသီးသီးကို ပြန်ကြမည်ဖြစ်သည့်အတွက် သင်္ဘောပေါ်တွင် နေရာယူထားကြသော်လည်း ပန်း တို့သားအဖမှာ ထိုသင်္ဘောပေါ်၌ ရှိနေပြန်သည် ။ ပန်းမှာ ထိုသူတွေနည်းတူ အပြန်ခရီးလား ဆိုတော့လည်း မဟုတ်ပြန်ပေ ။ လူလွတ် ၊ ကိုယ်လွတ်ပဲ လာကြပြီး ခရီးဆောင်အိတ်ပင် ပန်း၏ မျက်မှောက်၌ မမြင်ရရ်ျသာ ။သင်္ဘောထံသို့ သူ၏ အကြည့်များ ညိတွယ်နေချိန်၌ မြို့တော်လေတပ်၏ အမြန်ယာဉ်တစ်စီး သာယာသတီဗျိုင်းရွာ၏ ပင်လယ်အော်ဆိပ်ကိမ်းကွေ့၌ ရပ်တန့်သွားသည်။ လေယာဉ်ဖြစ်နေရ်ျ လေတွေတိုက်သည်မှာလည်း တစ်ဖြူးဖြူး ၊ သို့သော် သူတော့ ထိုနေရာမှ နေရ်ျ အနည်းငယ်မှ နောက်မဆုတ်သွားပေ ။ အချင်းအရာမှာ ဝိရောဓိဇရာဇ်နှင့် မင်းထက်သာလည်း ထိုသင်္ဘောထပ်၌ ရှိနေခြင်းကြောင့်ပင် ။ မင်းထက် ဘာကြောင့် ရှိနေသည်လဲတော့ သူလည်း မသိရပါ ။
ပြည်ထဲရေးဘက်မှ လူတစ်ဦး လေယာဉ်ပေါ်မှ ဆင်းလာပြီး ဝိရောဓိဇရာဇ်နှင့် တွေ့သည်။
ပြီးနောက်တွင် အရေးကြီးဟန်နှင့် ဝိရောဓိဇရာဇ်လည်း ထိုသင်္ဘောပေါ်မှ လေယာဉ်စီသို့ ဦးတည်သည်။ ထိုအခါတွင် မင်းထက်လည်း ဝိရောဓိဇရာဇ်နှင့်အတူ လိုက်သည်။ ထို့နောက်တွင်တော့ မြို့တော်မှလာသည့် လေယာဉ်ကြီးသည် ဝိရောဓိဇရာဇ်နှင့် မင်းထက်သာကို တင်ဆောင်ရင်း ကောင်းကင်ရှိ တိမ်ဆိုင်များထဲ၌ ပျောက်ကွယ်လျှက် ။"ဘော်--!"
"ဘော်---!"
သင်္ဘော၏ ထွက်ခွာဖို့ ဒုတိယမြောက် အချက်ပေးသံတွင် ပန်း နှင့် အကောင်ပေါက်လေး သင်္ဘောပေါ်မှ ဆင်းလာကြသည်။ သူတို့ ဆင်းလာပြီးနောက်တွင် သင်္ဘောကြီးမှာ နောက်ဆုံး ဥဩဆွဲသံ "ဘော်--!" ဟူသော မြည်သံကြီး အချက်ပေးရင်း ပင်လယ်ထဲသို့ ဦးတည်ခဲ့သည်။ အကောင်ပေါက်လေး၏ လက်တွေကတော့ လေပေါ်မှာမြှောက်လို့ ၊ကလေးဆိုတော့ နှုတ်ဆက်နေသည်ပေါ့လေ ။
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]