မြို့တော်၏ နေရောင်မှိုန်ဖြဖြက တစ်လောကလုံးအား ဦးစွာ အလင်းပေးလာ၏။ ထိုနည်းတူ အရှေ့အရပ်မှ စတင်ထွက်လာခဲ့သော နေမင်းကြီးသည်လည်း ကောင်းကင်ထပ်၌ နေရာယူနေပြီး အရှေ့အရပ်မှ အနောက်အရပ်သို့ပင် တစ်ဖြေးဖြေးနှင့်ရွေ့လျားနေလေသည်။ သူကောင်းကင်ပေါ်သို့ မော့ရ်ျ ကြည့်မိ၏။ နေမင်းအလင်းနှင့် သူ၏ မျက်လုံးအစုံများ ရင်ဆိုင်လိုက်ရသည်။ သူ အကြာကြီး နေမင်းကြီးအား ကြည့်နေမိ၏။ နေမင်း၏ ပြင်းရှရှ အရှိန်အဝါတွင် သူ၏ မျက်လုံးများသည် မှိုန်ပြလာ၏။ နေရောင်ကြောင့် မျက်ဝန်းများအတွင်းမှ မျက်ရည်စများပင် သူ၏ မျက်လုံးအိမ်၌ ရှိလာသည်ဟု သူခံစားမိလာသည်။ သူ ငိုမိတော့မှာ များလား ။ ထိုအခါတွင် သူ၏ နှုတ်ခမ်းများမှ နာကျင်စွာနှင့်ပင် ရယ်သံတစ်သံ တည်ရှိလာလေသည်။
"ဟမ့်--!"
သူထံ၌ ရှိလာသည့် မတင်မကျလှသော ရယ်သံကြောင့် မင်းထက်သာထံမှ စကားလုံး အချို့ပင် ရှိလာပြန်၏။
" မင်းစောင့်ရှောက် ပေးရမယ့် ပါလီမန် တွဲဖက်
ဥက္ကဠက ' ပန်း ' ဖြစ်နေလို့ ရူးသွားတာတော့
မဟုတ်ပါဘူးနော် ဘုဏ်းမြတ် "
ထိုအခါတွင် သူ မင်းထက်အား ကြည့်မိသည်။
သို့သော် သူ၏ နှုတ်မှ စကားတစ်ခွန်းမှတော့ ထွက်မလာခဲ့ချေ ။ သူထံ၌ မင်းထက်သာအား တုံ့ပြန်ဖို့ စကားလုံး မရှိသည်ဆိုပါက ပ်ိုရ်ျပင် မှန်နေလိမ့်မည်။"လေယာဉ် ဆိုက်ပြီလား မသိဘူး ။
မောင်းတာကိုကွာ ၊ တော်ရုံဆို ရပါပြီဟ"
မင်းထက်သာ ဆက်ပြီး သူ၏ ကားမောင်းစွမ်းရည်အား ပြစ်တင်သွားပြန်၏။ ထို့နောက်တွင်တော့" မြန်မြန်လိုက်ခဲ့ကွာ " စသည့် စကားနှင့်အတူ မင်းထက်သာ သူ၏ ကားပေါ်မှ ဆင်းသွားကာ လေယာဉ်ကွင်းထဲသို့ ဝင်သွားပါ၏။ ထိုအခါတွင် သူလည်း ကားအား ယာဉ်ရပ်နားရာ နေရာ၌ စနစ်တကျ ရပ်ထားခဲ့ကာ သူကြိုမည့်သူအား
စောင့်ကြိုဖို့ရာ လေယာဉ်ကွင်းသို့သာ ဦးတည်လိုက်ပါတော့သည်။ သောကြာနေ့က သူ့ထံ၌ ရှိလာသည့် ဘုရင်ကြီး၏ စာအိတ်တစ်စုံကြောင့် စနေ/ တနင်္ဂနွေ ပိတ်ရက်နှစ်ရက်၌ သူလိုအပ်သည်များစွာ ဝယ်ခဲ့သည်။ ရေတပ်၏ အဓိက
ဗ်ိုလ်ကြီး တစ်ဦး ဖြစ်ရ်ျ သူလည်း သာယာသတီဗျိုင်းရွာ၏ တပ်နယ်တုန်းကလို တပ်မှပေးသည့် ကားရမည်။သို့သော် ၊
ကားပေးမည့် အချိန် ၊ လက်မှတ် ထိုးရမည့် စာရွက် / စာတမ်း ကြာချိန် ၊ အထက်မှ ခွင့်ပြုဖို့ တံဆိပ်ခေါင်းတင်ပြချိန် စသည့် အချိန်များအတွက် သူအချိန်မပေးနိုင် ။ ဘာလို့ပါလိမ့် ။
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]