လင်း(မ်)ဘဒ် ၏ နေဝင်ချိန်တွေက လှပသည်။
ထိုနည်းတူ လင်း(မ်)ဘဒ်၌ ပညာသင်နေကြသည့် ကျောင်းသား/ သူများ၏ ပစ္စုပန်များသည်လည်း လှပနေ၏။ ပစ္စုပန် လှပသလို အနာဂါတ်လည်း လှပနေမည်သာ ဖြစ်သည်။ ထိုသို့ စကားလုံး အသေအချာ ထွက်ဆိုနိုင်သည်က လင်း(မ်)ဘဒ်ဆိုသည့် ကျောင်း၏ အရှိန်အဝါနှင့် အမည်ကြောင့်သာ ဖြစ်နေပေသည်။ သူတို့ တစ်တွေဟာ ဤကျောင်းမှ ဘွဲ့ရပြီးလျှင် နေရပ်အသီးသီး၌ ခေါင်းဆောင်ဖြစ်လာကြမည့် သူတွေသာ ဖြစ်သည်။ သူတို့ထံ၌သာ အရည်အချင်းမရှိပါက လင်း(မ်)ဘဒ်ဆိုသည့် ကျောင်း၏ အရိပ်ကိုပင် နင်းနိုင်မည် မဟုတ်ကြပေ ။စီနီယာ ဒုတိယတန်းနှစ် ၊ ကျောင်းဖွင့်စရက် ။
"ဘုဏ်းမြတ် ၊ ဒီည လန်ဖိယား ကလပ်မှာ ကျောင်းသားသစ် ကြိုဆိုပွဲရှိတယ် ။
ပုံမှန်ချိန် ညနေ ၆:၀၀ ဆို စမှာပဲ ။
မအားဘူးတွေ ၊ ဆင်ခြေ ဆင်လက် ပေးတာတွေ
မလိုချင်ဘူး ။ ရောက်အောင် လာခဲ့ "သူခေါင်းရမ်းရင်း သူ၏ အဆောင်ကိုသာ
ဦးတည်လာခဲ့သည် ။ ကျောင်း၏ နေရာစုံ ပါသည့် မင်းထက်သာ သည်တော့ သူ့ကို ပုခုံးပုပ်သွားရင်း ကျောင်းတော်၏ အနောက်မြောက်ဘက်၌ ရှိသည့် လန်ဖိယားကလပ်သို့ ဦးတည်သွားလေ၏။ နှုတ်ဆက်ပွဲ ၊ ကြိုဆိုပွဲ ၊ ဆရာများ၏ အစည်းအရုံးဆွေးနွေးပွဲ စသဖြင့် ပွဲတွေ ကျင်းပဖို့ရာ ထိုကလပ်အား ကျောင်းတော်အတွင်း၌ တည်ဆောက်ထားခြင်း ဖြစ်သည်။"ဘုဏ်းမြတ် မင်းသွားမှာလား "
"ထင်တာပဲ"
"ထင်တာပဲ မလုပ်နဲ့ ။ညနေလုပ်မယ့် ကျောင်းသားသစ် ကြိုဆ်ိုပွဲမှာ ငါတို့အဆောင်က အစားအသောက်ပိုင်း တာဝန်ယူထားတယ် ။
ငါ့ လက်ရာလည်း ပါတယ် ။ လာဖြစ်အောင်
လာခဲ့ "သူ၏ အဆောင်ထိ လာပြီး ဖိတ်ခေါ်သည့် မောရစ်၏ ဖိတ်ခေါ်ချက်တွင် မတင်မကျသလိုဖြစ်နေရ်ျ သူမောရစ်အား အဖြေတော့ မပေးလိုက်ပါ ။ ဘာသာရပ်မတူသည့် အတွက် မောရစ်ဦးသာမှာ သူတို့နှင့် အဆောင်မတူကြပေ ။ သူနှင့် မင်းထက်သာမှာ ရေကြောင်းသိပ္ပံဘာသာရပ်အား ယူကြပြီး မောရစ်ဦးသာမှာ စာပေတန်းကို ယူသည်။ ကလေးဘဝထဲမှ တစ်ခန်းထဲ ၊ တစ်တန်းထဲ နေလာကြသည့် ငယ်ပေါင်းများဖြစ်ရ်ျ မောရစ်နှင့် သူ အခန်းခွဲ ၊ အဆောင်ခွဲ နေရသည်က သူ့အတွက် အနည်းငယ်တော့ ခံစားရသည်။ ဆွေးရသည်မျိုး မဟုတ်ပဲ ၊ ငယ်ပေါင်းတစ်ဦးနှင့် ခွဲရရ်ျ စိတ်မကောင်းသည့် ခံစားချက်သာ ဖြစ်သည်။
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]