" အရှေ့ပင်လယ်တိုက်ဘက်က မီးပြတိုက် အချက်ပေးမှု ရှိလာပါတယ် ။ အရင်တစ်ပါတ်က အချက်ပေးမှု ရှိမလာတဲ့အတွက် ထိစပ်ရာ တိုက်အသီးသီးကို လည်း စာလွှာပို့လိုက်ပါတယ်။ ဗိုလ်ကြီး ဘုဏ်းမြတ်မောင်စီ ပို့လိုက်တဲ့ အရှေ့ပင်လယ် မီးပြတိုက်ရဲ့ စာလွှာပါ "
"ထားခဲ့လိုက် "
ရေကြောင်းထိန်းသိမ်းရေး စခန်းမှ လက်ထောက်တာဝန်ခံ ဖြစ်သူ စာလွှာအား ဖွင့်ဖတ်မကြည့် ။
ခုံပေါ်၌ ရှိနေသည့် စာလွှာကို ကြည့်ပြီး မြို့တော်၏ဗိုလ်ကြီး ဖြစ်သူ လက်ရှိရှိရာ နေရပ်သို့ မရောက်ရောက်အောင် ပို့ဆောင်ပေးဖို့သာ တွေးဆနေပေသည်။" ဗ်ိုလ်ကြီး ဘုဏ်းမြတ်မောင် ဘယ်မှာ ရှိတယ် လို့
သတင်းရလဲ "" သာယာသတီဗျိုင်းရွာလို့ သတင်းရပါတယ် "
" လေတပ်ရဲ့ အမြန်ယာဉ်နဲ့ ပို့ဖို့ပြင်ပါ "
ရေကြောင်းထိန်းသိမ်းရေး စခန်းမှ လေတပ်သို့ ဦးတည်သည့် ပုံရိပ်များ ရှိလာသည်။ မြို့တော်၏ ရေတပ်ပိုင်းတွင်တော့ အရာရာ အဆင်ပြေနေပေသည်။ ပင်လယ်အော်ဘက်မှလည်း နည်းပြဖြစ်သူ ဗိုလ်မင်းထက်သာ၏ စစ်ရေးကြွေးကြော်သံက ရုံးခန်းတွေထိ အတိုင်းသား ကြားနေရပေသည်။
သာယာသတီဗျိုင်းရွာ၏ ပုံပန်းသဏ္ဍာန်များမှာ ဘာမှ ပြောင်းလဲရိုးမရှိ ။ ယခင်အတိုင်းပင် ပုံရိပ်များ လက်ဆက်ရင်း ပတ်ဝန်းကျင်မှာလည်း နေချင်စရာ စိမ်းစိုနေပေသည်။ အရှေ့တောင်စွန်းစွန်းမှ တိုက်ခတ်လာသည့် လေများကို သူ လက်နှစ်ဖက် ဆန့်တန်းရင်း တဝကြီး ရှုရှိုက်နေမိ၏။ လက်ဆက်လိုက်သည့် လေဆိုသည်မှာ ဘာနှင့်မှ မနှိုင်းရက်စရာ ၊ လက်ဆက်ရင်း စိတ်ပြေချင်စရာ ကောင်းနေပေသည်။
" ဘုဏ်းမြတ် ။ ပြန်တွေ့ရတာ ဝမ်းသာတယ် ။
မင်း တွေ့လိုက်ရတော့လည်း မင်းတို့ဒီမှာ နေခဲ့တဲ့အချိန်တွေက မနှစ်တစ်နေ့ကအတိုင်းပဲ ။
နှစ်တွေ ကြာသွားပြီနော် ။ အခုထိ မင်းတို့အဆင်ပြေနေရင် အိမ်ထောင်မှုရဲ့ ဆည်းလည်းလေးတွေလည်း ရှိချင်ရှိနေလောက်မှာ…"
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]