Part (II) အပိုင်း(၇)

1.3K 90 4
                                    


နွေဦးမှ  မိုးဥတု ၊ မိုးဥတုမှ  ဆောင်းကာလသို့ပင် 
အချိန်မှာ အကူးအပြောင်း မြန်နေ၏။ အချိန် ၊ရာသီတွေပဲ ကူးပြောင်းတာ မြန်ကုန်တာလား ၊ သူသည်ပဲ  ဘယ်အရာမှ စိတ်မနှစ်နိုင်တာလား ။ ဤသည်ကိုတော့  သူသည်လည်း မသိတော့ပါ ။

ထိုနှင့် သူ၏   အမြင်အာရုံတို့ရှေ့ နေရာယူလာသည်က  လန်ဒရေ့(စ်)မြို့၏  တိုက်တာ ၊ အဆောက်အအုံ များစွာ ။ ဘယ်နေရပ်သို့ ကြည့်လိုက်လျှင်ပင် မြင့်မားစွာနှင့် ရှိနေသည့် တိုက်တာ အဆောက်အအုံများက နေရာယူနေလေသည်။
ထို အဆောက်အဦးများကို ကြည့်ပြီး သူ့ထံ၌ ကျေနပ်မှု မရှိလာပါ ။ သူကိုယ်တိုင်ပင် မေးခွန်း ပြန်ထုတ်လျှင်ရော အဖြေက ရှိလာမည်တဲ့လား ။  သူဘာတွေ ဖြစ်နေပြန်ပြီလဲ ။

"ဒေါက် ဒေါက် "

"ဝင်ခဲ့ "

တံခါးခေါက်လာသည်နှင့် သူ၏ အသံများက
ထိုတံခါးခေါက်ခြင်းအတွက်   စကားလုံး ရှိနေလေ၏။  ပြီးနောက်တွင် သူအနောက်သို့ လှည့်ရ်ျ မကြည့်ခဲ့ပါ ။  တိမ်ဖုန်းတိုက်၌ ရှိနေသည့်  သူယခု ရောက်နေသော မြို့တော် (လန်ဒရေ့စ်) မြို့၏ 
ဟိုတယ်တစ်ခုပေါ်မှ မြင်ရသည့်  မြင်ကွင်းများကိုသာ သူ ဆက်ရ်ျ ကြည့်နေလိုက်တော့သည်။ သူ့စီသို့  လျှောက်လာနေသည့် ခြေသံများကို သူကြားနေရသည်။ သို့တိုင်အောင် သူ၏ စိတ်သည်ကား မတုန်လှုပ်ပါ ။

" အသင့်ပဲလား  ကိုဘုဏ်း ၊ ကျွန်တော် --!"

" လေသံ ပြင်လိုက် --! "
သူ၏  အသံမှာ  ပြတ်သားစွာနှင့် တင်းနေ၏။

"ဟမ့် --! ကိုဘုဏ်းရဲ့ လေသံတွေ တင်းလှချေလား။
ဟုတ်ပါပြီ ။ လေသံပြင်ဆိုလည်း ပြင်မှာပေါ့ ။
ဗိုလ်ကြီး ဘုဏ်းမြတ်မောင် လို့ပဲ ခေါ်ဝေါ်လိုက်တော့မယ် "

"အရေးမပါတာတွေ မပြောနဲ့ ။
အပို အလို မရှိတာပဲ ကောင်းမယ် ။
မင်း အသင့်ပဲမလား "

"ဟုတ်ကဲ့ ၊ ကျွန်တော် အသင့်ပါပဲ "

"အို--! ဗိုလ်ကြီး "
အံ့ဩစွာနှင့်  ရေရွတ်လိုက်သည့် အသံ သူကြားလိုက်ရသည်။  သူဘာစကားမှ မဆိုချင်တော့ပါ ။ ယခု သူ့ထံတွင် ရှိနေသည်မှာ အလျှင်လိုခြင်း ။ ဟုတ်တယ် ။ သူ့ထံ၌  အလျှင်လိုခြင်းသာ ရှိနေ၏။
သူ၏ အထိအတွေ့တွေ  ကြမ်းတမ်းနေမည်မှာ အမှန်ပင် ဖြစ်သည်။

" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]Where stories live. Discover now