" ဘော်--!"
"ဘော်--!"
အလယ်ကျိုးအင်းသို့ ထွက်ခွာမည့် သင်္ဘောကြီးထံမှ အချက်ပေးသံ ထွက်ပေါ်လာ၏။ ထိုအခါတွင် သူ သူ၏ အဖွဲ့များအား ဂရုစိုက်ဖို့ အချက်ပေးလိုက်၏။
"ပြစ်မှတ် သင်္ဘောပေါ် တက်သွားပြီ "
" ရွက်တိုင် အနီးမှာ နေရာယူ ။
ယုန်နက်ပါ …! ယုန်နက် အကြောင်းကြားပါတယ် ""ကြားတယ် "
အချက်ပေးမှု ပြီးဆုံးသွား၏။ ယခု စစ်စင်ရေးကြီး၏ ပြစ်မှတ်ဖြစ်သူ ပန်းမှာသင်္ဘော ပေါ်သို တကိကာ နေရာယူပြီး နေ၏။ ထိုတွင် သူလည်း သင်္ဘောပေါ်သို့ တက်ကာ နေရာယူနေလိုက်၏။
"သတင်းပို့မှူ သေချာ ပါတယ် ။ လက်ခံတဲ့ အချက်ပေးချက်လည်းတွေ့ ရပါတယ် "
"ကောင်းပြီ "
သူ ခေါင်းညိတ်ပြလိုက်၏။ တိကျအောင် သတင်းပေးမှုကတော့ ပြီးဆုံးသွား၏ ။ ယခုလောက်ဆို မင်းထက်တို့လည်း မြို့တော်ကနေ ထွက်လာလောက်ပြီပဲ ။ဤတွေးဆချက်နှင့်အတူ သူသင်္ဘောပေါ်သို့ စိတ်ချကာ တက်လိုက်ပါတော့၏။" အို--! ။ ရရဲ့လား ဗျ ။ ခိုက်မိသွားသေးလား ။
အနောက် မကြည့်မိဘူး ဖြစ်သွားတယ် ""ရတယ် ။ ရတယ် "
သူစကားကို ယတိပြတ်သာ ပြောလိုက်ရသည်။
ကြာကြာပြောနေလျှင် ပန်းမှာ သူ့အား ရိပ်မိသွားမည် ဖြစ်၏။ ပန်းကို ထိန်းပေးလိုက်ရသည့် သူသည်တော့ သင်္ဘော၏ အလယ်တိုင်နှင့် ရိုက်မိသွားသည့်အတွက် ကျောအောင့်သွား၏။"ခဏလေး --! ။ ခဏလေးပါ"
ပန်းမှာ သူ့ကို ခေါ်ပြန်၏ ။ ထိုတွင် သူ၏ ခြေလှန်းများအား သူ ရပ်ထားမိ၏။"အားနာလို့ ၊ ဒါလေး ယူသွားပါ "
"ကျေးဇူးပါ "
ပန်း ပေးသည့် အပူ ၊ အအေး ဗူးကို ယူပြီး ပန်း၏ အရှေ့မှ သူ မြန်မြန်ပဲ မျက်စ ဖျောက်ရ၏။သင်္ဘောကျင်း၏ ကိုယ်ထည် နက်နက်ထဲတွင် ထိုင်ပြီး ကုန်းပါတ်နားတွင် ရှိနေသည့် ပန်းအား သူကြည့်နေမိသည်။ သူ၏ ထင်မြင်ယူဆချက်များနှင့် ကွဲလွဲစွာ ရှိနေသည့် ပန်းမှာ ပင်လယ်ပြင်ကို အကြောင်းပြကာ အမြတ်ထုတ်ချင်သူများနှင့် အကြောင်းအရာ အနည်းငယ်မျှပင် မပါတ်သက်ပေ ။ ရိုးသားကာ မိမိအလုပ်ပေါ် တန်ဖိုးထားသည့် ပန်းမှာ ပင်လယ်ပြီး ခြံရံကာ ရှိနေသည့် တိုက်ကြီးရှစ်တိုက်အား ချစ်မြတ်နိုးသည် ။ ငြိမ်းချမ်းမှုကိုသာ လ်ိုချင်သည် ။ သူ ဤကဲသို့ ကိစ္စ ကြောင်းရာ များကို သိရသည်ကလည်း သူ၏ ယောက်ဖဖြစ်သူ ချမ်းငြိမ်းသာကြောင့်သာ ဖြစ်နေပါ၏။
YOU ARE READING
" နေခြည်ဖြာရျ် နွေးစေသော်(ဝ်) ---! " [ Completed]