MaGic.Love...... Ep(7)+(8)
ရိပေါ် အိမ်ပြန်ကာ မှော်လက်ကောက်လေးယူပြီးမှ ဆေးရုံသို့အပြေးပြန်သွားရတယ်....။ Boss လိုက်ပို့တာပေါ့....။
ဆေးရုံထဲရောက်တော့ အရေးပေါ်ခန်းထဲမားကို အသက်လုနေသည်လေ....။ မားနှလုံးခုန်သံက တဖြည်းဖြည်းထိုးကျနေခဲ့ပြီ.....
Boss ကို ကျင်းလင်နဲ့ခနစောင့်ပေးပါပြောခဲ့ပြီး ရိပေါ်က လူရှင်းတဲ့ ခေါင်မိုးထပ်ကိုပြေးတတ်ကာသွားတယ်....အပေါ်ရောက်တဲ့အခါ အိပ်ကပ်ထဲက လက်ကောက်ကို ထုတ်ကာသေချာစေ့စေ့ကြည့်တော့ နဂါးနှစ်ကောင်ရဲ့ မျက်လုံးဟာ လင်းလက်လာပြီး ထိုမျက်လုံးထဲကနေ အမဲရောင်အငွေ့တွေ ထွက်လာကာ ရုတ်ချည်းဆိုသလို သာနေတဲ့နေမင်းကြီးက ပျောက်ကွယ်ကာ မိုးများအုံ့မိူင်းလို့ လေပြင်းတွေတိုက်လျက်.....
တစ်ချိန်တည်းမှာပဲ ခြောက်ခြားဖွယ်ရာ အသံနက်ကြီးကထွက်ပေါ်လာပြန်တယ်.....
..... လိုရာဆု တစ်ခုပြောပါ ဝမ်ရိပေါ်....။ အသင်က ငါ့အမိန့်တိုင်း သေသူ၃ ဦးရဲ့ ဆန္ဒကို ကူညီခဲ့ပြီးဖြစ်တယ်...။ ထို့ကြောင့် ငါ့ရဲ့ကတိအတိုင်း မင်းလိုရာကိုပြောစေ......👹👺
ရိပေါ်ချက်ခြင်းကိုဖြေလိုက်တယ်....
Yb..... မား... ရိပေါ် မားရဲ့ ရောဂါပျောက်ချင်တယ်.....။
...... ကောင်းပြီ....။......
ထိုတစ်ခွန်းတည်းပြောကာ အရာအားလုံးဟာ ပကတိအတိုင်းငြိမ်သက်သွားပြီး ကောင်းကင်ကြီးကလဲ ပြန်လည်ထွန်းလင်းလာခဲ့တယ်....
ရိပေါ်လဲ အိပ်ကပ်ထဲ လက်ကောက်ကို အမြန်ပြန်ထည့်ကာ မားရှိရာ အရေးပေါ်ခန်းသို့ ပြေးဆင်းလေတော့တယ်.....
အရေးပေါ်အခန်းရှေ့ရောက်တော့ မားက သာမန်လူလို ပဲ ရိပေါ်တို့ရှိရာဘက်ကိုပြုံးပြနေသည်...။
ဆရာဝန်က ထွက်လာကာ....
.... ထူးဆန်းတယ်...။ ခုဏကထိ အရေးပေါ်ဖြစ်နေခဲ့တာ...ရုတ်တရက် ငြိမ်သက်သွားပြီး နှလုံးပြန်နိုးတော့ တစ်ချက်တည်းနဲ့ ပြန်နိုးလာပြီး နှလုံးရောဂါ လက်ခဏာ မတွေ့ရတော့ဘူး....။ ဒါပေမဲ့ သေချာအောင်လို့ ပြန်ပြီး Chek ရဦးမယ်....
YOU ARE READING
Magic Love (Complete)
Horrorဘာမှမပြောတော့ဘူး... သိချင်ရင်ဝင်ဖတ် ... .... ..... .... ဒါပဲ😏😏