Magic Love.... Ep (35)
ရိပေါ် နူတ်ထွက်စာတင်ရန် company ရောက်လာခဲ့တယ်....။
လမ်းခွဲဖို့ပြောပြီး တဲ့နောက်ရက်ကစလို့ ကိုကို့ကို အဆက်သွယ်ဖြတ်ထားခဲ့တာ တစ်ပါတ်တိတိ....
ဖုန်းတောင်လက်ခံစကားမပြောတဲ့ထိနေခဲ့တာ....။တောက်လျောက်ဆက်သွယ်နေတဲ့ကိုကို့ကြောင့်လဲ ရိပေါ်ပြေးတွေ့ချင်တဲ့စိတ်တွေကိုလဲ မနဲချွန်းအုပ်ထားရတယ်။
ဝေးမှဖြစ်မှာ ကိုကို ရိပေါ်တို့ဝေးရမယ်။ ရိပေါ်ဘေးနားနေရင် ကိုကို့တွက် အရမ်းအန္တရာယ်များတာမို့ ရိပေါ်ကပဲ ထားခဲ့ပါရစေ....
ရှောင်မားက အနားယူလိုက်ပြီမို့ အလုပ်တွေက အရင်ထက်နှစ်စများသွားတဲ့ကိုကိုက ရိပေါ်ကိုနေ့ခင်းဘက်တွေလာမတွေ့နိုင်လို့ ဘယ်လောက်များရူးယားခပ်နေလိမ့်မလဲ ။ ဒါပေမဲ့လေ ညတိုင်း ရိပေါ်အိမ်ရှေ့ရောက်နေခဲ့တယ်။ နောက်ပြီး အချိန်တော်ကြာရိပေါ်မကိုင်တဲ့ဖုန်းလေးကိုခေါ်လို့ ရိပေါ်အခန်းကိုငေးကြည့်နေတယ်။ သန်းခေါင်ချိန်ရိပေါ်အခန်းလေးမှီးပိတ်မှသူပြန်သွားတယ်။
မြင်နေရတဲ့ရိပေါ်နှလုံးသားတွေက တဆစ်ဆစ်ပဲ....။ ကျင်းလင်ကို ရိပေါ်ကျိယန်ဆီသွားနေတယ်လို့ပြောခိုင်းတော့လဲ ကျိယန်အိမ်ဘယ်မှာလဲမေးတာကြောင့် ကျင်းလင်က လမ်းမညွန်ပေးတတ်ဘူးပြောလိုက်လို့ ကိုကိုက ပြောတယ် မင်းကောကော မညာတတ်သေးဘူးတဲ့....
ရှောင်ဖယ်နေမှန်းသိရင် အရင်လိုမာနခဲကိုကိုက ရိပေါ်ကို ထားပစ်ခဲ့သင့်တာမဟုတ်လား....
အတွေးတွေရပ်ကာ ကိုကို့ရုံးခန်းတံခါးကိုခေါက်လိုက်တယ်....ဒေါက်...ဒေါက်....
ရှောင်ကျန့်မျက်လုံးမှိတ်ကာ စိတ်ဖိစီးမူ့တွေလျော့ချနေရင်း တံခါးခေါက်သံကြောင့် ကျစ်တစ်ချက်စုပ်သပ်မိလိုက်ရဲ့....
ဘာအလုပ်ကိစ္စတွေလာပြန်ပြီပါလိမ့်....။ အမှန်ဆိုဘာမှ မလုပ်ချင်လောက်အောင် စိတ်နဲ့လူမကပ်တာမို့....။ ငယ်နဲ့မတွေ့ရတဲ့ တစ်ပါတ်လုံးလဲ လုပ်သမျှအလွဲလွဲအချော်ချော်...။
မားကတောင်မေးနေပြီ သားကျန့်ဘာတွေဖြစ်နေတာလဲတဲ့....။ကိုယ့်အပူလဲ မားကိုမပေးချင်တာမို့ ခေါင်းခါပြရုံကလွဲ ဖြေစရာမရှိခဲ့ဘူး....
YOU ARE READING
Magic Love (Complete)
Horrorဘာမှမပြောတော့ဘူး... သိချင်ရင်ဝင်ဖတ် ... .... ..... .... ဒါပဲ😏😏