25+26

1.7K 123 3
                                    

MaGic Love........Ep (25)+(26)

အရေးပေါ်ခန်းရှေ့မှာ ဂနာမငြိမ်ဖြစ်နေသူက ရှောင်မားရယ် ရိပေါ်ရယ်....။

ရိပေါ်အဝတ်တွေပေါ်မှာလဲ ရှောင်ကျန့်ဆီကထွက်တဲ့သွေးတွေပေပွနေတာကမြင်လို့ပင်မကောင်း....။
ရှောင်ကျန့်ဆိုပိုဆိုးပေါ့ ဝတ်ထားတဲ့ရှပ်အဖြူကအနီရောင်ဖြစ်နေပြီ....

အရေးပေါ်ခန်းထဲအသက်လုနေတဲ့ ရှောင်ကျန့်ကိုကြည့်ကာ ရှောင်မားမှာ ငိုရိူက်ရင်းမူးလဲမတတ်ပါပဲ....။

Yb...... စိတ်အေးအေးထားပါဦး သူဌေးရယ် Boss အဆင်ပြေမှာပါ....။

X..ma..... မား ကြောက်တယ် သားရယ်။ သားကျန့်လေး တစ်ခုခုဖြစ်သွားမှာ မား သိပ်ကြောက်တယ်။ ဟင့် ဟင့်...

ရိပေါ်ရင်ခွင်ထဲ တိုးဝင်လာတဲ့ ရှောင်မားကို ခပ်ဖွဖွ ဖက်ကာ နှစ်သိမ့်လိုက်တယ်....။

တစ်နာရီလောက်ကြာသည့်အခါ ဆရာဝန် ထွက်လာလေတယ် အခြေနေကိုမေးသည့်အခါ အဖြေက လုံးဝအားလျော့ချင်စရာ....

...... သွေးထွက်လွန်တဲ့အပြင် ကျည်ကလဲ အတော်နက်ဝင်သွားတယ်။ အခြေနေက စိုးရိမ်ရတယ် ဘယ်အချိန်နောက်ဆုံးဖြစ်သွားနိုင်တယ် မသိဘူး။ ပြင်ဆင်ထားစေချင်တယ်.....

ထိုစကားလဲကြားအပြီး ရှောင်မားမေ့လဲသွားခဲ့ပါတော့တယ်....။
....
ရိပေါ်မှာအခက်တွေ့ရချည်ရဲ့ ရှောင်မားကလဲ သွေးပေါင်တွေအလွန်ထိုးကျပြီး ဆေးရုံတင်ရသလို ချစ်ရတဲ့သူကလဲ အသဲအသန်......

ဆေးရှိန်နဲ့အိပ်ပျော်နေတဲ့ရှောင်မားကို စောင်လေးရင်ညွန့်ထိခြုံပေးပြီး Toilet ထဲ ဝင်ကာ တင်းထားသမျှငိုချလိုက်တော့တယ်။ ဘာဆက်လုပ်ရတော့မလဲ ရှောင်းသားအမိကိုလဲ သနားလွန်းလို့....

အားရအောင်ငိုပြီး အပြင်ထွက်လာတော့ ရိပေါ်မြင်လိုက်ရတာ ဟင်.... ရှောင်မားဘေးမှာရပ်ကာကြည့်လို့ ငိုနေပါသော Boss....

Yb...... Boss... Boss က​သေသွားပြီလား.....

ရှောင်ကျန့်မယုံနိုင်ခြင်းများစွာနဲ့ ရိပေါ်ဘက်ကိုကြည့်လိုက်တယ်။

အခု ငယ်က ​သူ့ကိုမြင်နေရတယ်တဲ့လား...။ မဖြစ်နိုင်တာ ငယ်က ကျနော့်ကို ဘယ်လိုမြင်နိုင်မှာလဲ....

Magic Love (Complete)Where stories live. Discover now