MaGic Love...... Ep (33)
နေရောင်ခြည်နုထွေးလေးက မှန်ပြတင်းမှတစ်ဆင့် လိုက်ကာကြားထဲမှတိုးထွက်၍မွေ့ယာထက် နှစ်ခြိုက်စွာအိပ်ပျော်နေသော ငယ့်မျက်နှာပေါ်သို့ ထိခတ်ကျီဇယ်လေတယ်။ မျက်မှောင်လေးကြုံ့လို့မျက်လုံးမဖွင့်ပါပဲ လက်နှစ်ဖက်ကိုစောင်ထဲက ဆန့်ထုတ်ကာဘေးဘီဝဲယာ ကိုကို့ဘက်ကို စမ်းသပ်နေပါသော ငယ်.....
မျက်စိမှိတ်လျက် စမ်းနေပြီး ကိုကို့ကို မထိတွေ့မိတာကြောင့် လက်နှစ်ဖက်ကို အပေါ်မြောက်လို့ ဆန့်ထုတ်တဲ့အချိန် ထိတွေ့မိတဲ့ ခပ်မာမာအရာကြောင့် မျက်စိကိုအားယူကာ ဖွင့်ကြည့်တော့ ငယ့်ကိုပြုံးပြုံးကြီးထိုင်ကြည့်နေပါသော ကိုကို့ ပုခုံးကိုထိမိခြင်း....
ဂျိုင်းပြတ်ဝတ်ထားတဲ့ကိုကိုက ပိန်ပေမဲ့လဲ လက်မောင်းမှာ ကြက်ဥလေးတွေဖြင့် ရိပေါ်လက်မောင်းလိုသေးသေးလေးမဟုတ်....
စိုက်ကြည့်နေသော ကိုကို့ကြောင့် ရိပေါ်ရှက်ပြုံးနှင့် စောင်ကိုခေါင်းမြီးခြုံလိုက်ပြီးသည့်နောက် စောင်ထဲကို တိုးဝင်လာပြီး ရိပေါ်ကိုသိမ်းကြုံးဖက်လို့ ကလိထိုးနေပါသောကိုကို....
ရိပေါ်ရုန်းပြန်တော့ လည်ပင်းသားတွေကို ခပ်ဖွဖွနမ်းရိူက်ပြီး နှားရွက်ဖျားတွေကို တတိတိကိုက်ကာ နှာခေါင်းဖျားကို နမ်းရိူက်ပြန်တယ်။
အပြင်ကနေတစ်ယောက်ယောက်များဝင်လာရင် စောင်ပုံထဲမှာ လုံးထွေးရီမောနေတဲ့ မနက်ခင်းရဲ့ ပန်းချီကားကို မြင်တွေ့ရလို့ နှာခေါင်းသွေးလျံနိုင်ပါတယ်ဗျာ....
Yb...... ကိုကို တော်ပြီကွာ... ငယ်မောနေပြီ....။
လုံးထွေးကျီဇယ်ရင်းပြောလိုက်တဲ့ငယ့်စကား ကိုရှောင်ကျန့်က တစ်သွေမသိမ်းလိုက်နာပါတယ်။ ပါးပြင်ကိုနှာခေါင်းနှစ်ဝင်သည်ထိတစ်ချက်နမ်းလို့ ကျီဇယ်ခြင်းအဆုံးသတ်တယ်။
XZ...... ကိုကိုရေနွေးစပ်ထားပြီးပြီ ရေချိုးလိုက်နော်။ မနက်စာပြင်ထားမယ်။
Yb...... အွန်း... ကိုကိုချီ....
လက်လေးနှစ်ဖက်ဆန့်ပေးလို့ နုတ်ခမ်းစူကာပြောလာပါသော အသဲငယ်....။
YOU ARE READING
Magic Love (Complete)
Horrorဘာမှမပြောတော့ဘူး... သိချင်ရင်ဝင်ဖတ် ... .... ..... .... ဒါပဲ😏😏