MaGic Love.... Ep(36)
ရိပေါ် အိမ်ပေါက်ဝမှာရပ်နေတဲ့သူကြောင့် လူကယိုင်ခနဲပင်....
"Boss..!!!"
"ကိုယ်အကုန်ကြားပြီးပြီ ငယ် ။ ကိုယ်ပါလိုက်မယ်...."
"မရဘူး...!!ဒါနဲ့ ဘာကိစ္စရှိလို့ရောက်လာတာလဲ..."
ရပ်နေတဲ့ ရိပေါ်ဆီတိုးလာကာ သိမ်းကြုံ့ပွေ့ဖက်လိုက်တာကြောင့် ရိပေါ်မှာ အင့်ခနဲမြည်လို့ လူကအတောင့်လိုက်ဖြစ်သွားရတယ်....
"ဘယ်ချိန်ထိ ဆက်ညာနေဦးမှာလဲ ငယ်။ ကိုယ်ဒုက္ခရောက်မှာဆိုးလို့ ခုလိုတွေလုပ်ပြီး ငယ်က လာသမျှ ဒုက္ခတွေ တစ်ယောက်တည်းခါးစီးခံမလို့လား...ဟမ်...။ အဲ့လိုမလုပ်ပါနဲ့ ငယ်မရှိလို့မဖြစ်တဲ့ ကိုယ့်ဘက်ကိုလဲ ငဲ့ပေးပါဦးလား ငယ်ရယ်...."
ကိုကို့စကားတွေကြောင့် လူက ငိုချင်ရက်လက်တို့ဆိုသလို ရိူက်ကြီးတငင်ကိုငိုချမိတော့တယ်။
"ဟင့်...အင့်... ငယ်...ငယ်က ကိုကို့ကို ကာကွယ်ချင်တာမို့ ခုလိုလုပ်ရတာလေ ။ဒါကို ကိုကိုက ဘာလို့ ဖျက်ဆီးချင်ရတာလဲ။ ငယ်က ကိုကို့တွက် ဘယ်လောက်အဖိုးတန်နေလို့လဲ လူဆိုးကောင်ကြီးရဲ့...။ De ဆိုတဲ့ မကောင်းဆိုးဝါးက ကိုကို့ကို ဒုက္ခပေးလိမ့်မယ် သိရဲ့လား...။"
တတွတ်တွတ်ပြောကာ ငိုရိူက်လို့ ရှောင်ကျန့်ကြောပြင်ကို ထုရိုက်နေတဲ့ငယ်က ဒီတောတွင်းမှာ သူ့ကြောင့်နဲ့ ဘယ်လောက်ပင်ပန်းခဲ့ရှာလိမ့်မလဲ....
"ဟင့်အင်း ကိုယ်ဘာမှမကြောက်ဘူး သေရမှာလဲမကြောက်ဘူး ဒါပေမဲ့ ငယ်ကိုယ့်နားမရှိတော့ရင် ကိုယ်က သေရတာထက်ပိုဆိုးလိမ့်မယ်။ နောက်ပြီး ကိုယ့်ဘဝမှာအဖိုးအတန်ဆုံးနဲ့မရှိမဖြစ်က ငယ်ပဲသိရဲ့လား...."
ထုရိုက်နေတဲ့လက်တွေက ခုတော့ ရှောင်ကျန့်ကြောပြင်ကိုဖက်တွယ်ကာ အားကိုးရသွားသည့်နှယ် ရင်ခွင်ထဲတိုးဝင်လို့ တအိအိငိုနေဆဲ....။
အငိုတိတ်သွားတော့မှ...."ဟူယဲ့ လိပ်စာပို့လာပြီလားငယ်...."
"အင်း...မြို့စွန်က နှစ်ထပ် ဂိုဒေါင်ပျက်ကြီးမှာတဲ့...."
"အချိန်မရှိဘူးငယ် ကိုယ်တို့တစ်ခုခု စီစဥ်မှရမယ်။"
"ဟင့်အင်း သူပြောတာ ငယ်တစ်ယောက်တည်းလာတဲ့ မဟုတ်ရင်မားတို့ကို သတ်...သတ်ပစ်မှာတဲ့...."
ESTÁS LEYENDO
Magic Love (Complete)
Terrorဘာမှမပြောတော့ဘူး... သိချင်ရင်ဝင်ဖတ် ... .... ..... .... ဒါပဲ😏😏