11+12

1.8K 131 8
                                    

MaGic Love..... Ep(11) +(12)

ရိပေါ် ဒီနေ့တော့ စောစောစီးစီးရုံးတတ်မယ်ပြင်ကာ အိမ်အောက်ထပ်သို့ သီချင်းလေး ညည်းကာ ဆင်းလာတော့  အောက်ထပ်မှာ ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပါသော ကျင်းလင်နဲ့ သူ့သူငယ်ချင်းထင်ပါရဲ့ နောက်ကောင်လေးတစ်ယောက်.....

ကျင်းလင်..... ကော... မုန်ဖိုးပေးဦး....။

ရိပေါ် အိပ်ကပ်ထဲကပိုက်ဆံအချို့ကိုထုတ်ကာပေးပြီး ဂိမ်းဆိုင်မရောက်ဖို့မှာရသေးတာ....

ရိပေါ်ကျင်းလင်ကိုဆုံးမနေသမျှအချိန်တွင် သူ့ဘေးကကောင်လေးကတော့မလူပ်မယှက်ရပ်လို့ရိပေါ်ကိုသာကြည့်နေလေတယ်....

Yb...... မင်းက ကျင်းလင်သူငယ်ချင်းလား အိမ်လာတာလဲ တစ်ခါမှမမြင်ဖူးပါဘူး....။

ရိပေါ်စကားစလိုက်တော့ ကြည့်နေရင်း ရုတ်တရပ် ခါးကိုင်းကာ ရိပေါ်ကို အရိုသေပေးလို့ စကားပြန်ပြောလာတယ်....

ချန်လု..... နိဟောင် ကောကော... ကျနော်က ချန်လုပါဗျ...။ ဟိုတစ်နေ့က ကျင်းလင် ကျနော့်စာအုပ်ငှားထားတာ ဒီမနက် သူ့အိမ်လာယူပါဆိုလို့ လာယူတာပါဗျ...။

ရိပေါ်ကျင်းလင်ကိုကြည့်ကာ သူများစာအုပ်ငှားပြီး အိမ်ထိလာယူခိုင်းရလားဆိုပြီး ပြောတော့ ထိုကောင်လေးက ကျင်းလင်ကို ကာကွယ်ပေးရှာတယ်...။ သူကိုယ်တိုင်ကလဲ လာယူချင်လို့ပါတဲ့လေ....

အဲ့တော့လဲ ပြောမနေတော့ပဲ နှစ်ယောက်လုံးကို စာသာကြိုးစားလို့သာပြောပြီး လှည့်ထွက်မို့လုပ်ပြီးကာမှ မနေနိုင်တာနဲ့ပဲ....

Yb...... ချန်လု ဒီနားလာဦး....

ဟုခေါ်ကာ လည်ပင်းနားက ဖြုတ်ထားတာလားတပ်ဖို့မေ့တာလားမသိတဲ့ ကြယ်သီးကိုတပ်ပေးပြီး ကျောင်းသားပီသအောင်နေလို့ဆုံးမလိုက်သေးတယ်....။

....
....
....

ကျောင်းခန်းထဲက ကျင်းလင်ကတော့ တခွီးခွီးရီနေပါတော့တယ်....

အကြောင်းကတော့ မနက်က တစ်ခါလေးအိမ်လာဖူးတဲ့ ချန်လုက မိမိအစ်ကို ဝမ်ရိပေါ် ပွားစိန်ကို ကြိုက်လို့ပါတဲ့လေ....

အတင်းတွေရော နောက်ရက်လဲ အိမ်လည်ဖိတ်ဖို့ပြောနေပြီး မိမိစားချင်တာမှန်သမျှ ဝယ်ကြွေးမယ်ဆိုကာ မိမိအကိုအကြောင်း သတင်းနိူက်နေပါတော့တယ်....

Magic Love (Complete)Where stories live. Discover now