MaGic Love...... Eo (13)+(14)
ရိပေါ်နဲ့ ကျင်းလင် စကားများရပြန်ပြီ....။ အကြောင်းကတော့ ဆေးလိပ်ခိုးသောက်နေတဲ့ ကျင်းလင်ကြောင့်ပင်....
Yb.......မင်းကလေ တစ်ကယ်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ကောင်ပဲ....။ ဂိမ်းမဆော့နဲ့ဆိုတော့ ဘောလုံးပွဲလောင်းတယ်။ အဲ့တာမလုပ်ရတော့ ခုဆေးလိပ်သောက်တယ်...။ မင်းကိုမင်း အထက်တန်းကျောင်းသားပဲ ရှိသေးတယ်ဆိုတာ သိရဲ့လား...ဟမ်... သိရဲ့လားလို့ လူအမိူက်ကောင်ရဲ့....။
ကျင်းလင်က သူ့အမှားနဲ့ သူမို့ ခေါင်းငုံ့ထားသည်မှာ ပြန်ကိုဖော်မလာ.....
W..ma...... သားကြီး ညီလေးကို ဘယ်လိုစကားတွေပြောနေတာလဲ....။
ရုတ်တရက် အပေါ်ထပ်တတ်လာပြီး ရိပေါ်ကို ဆူနေပါသော မား...။
Yb....... သားပြောတာမားလို့လား မား...။ အခုဒီကောင်က အမိူက်သာသာ ဖြစ်နေပြီ မားသိရဲ့လား အခု.....
ရိပေါ်စကားလေးတောင်ဆုံးအောင်မပြောလိုက်ရပေ မားဖြတ်ပြောလာတဲ့စကားတွေကြောင့် ရိပေါ် နာကြင်နေရောပဲ....
W..ma...... ငါမသေသေးဘူး ရိပေါ်... ငါ့သားသမီးတွေကို ငါပဲဆုံးမမယ်...။ ကိုယ့်ညီကို အမိူက်နဲ့ နိုင်းစရာလားဟမ်...။ ဘာလဲ မင်းရှာကြွေးရတယ်ဆိုပြီး ကလေးကိုအဲ့လိုတွေပြောဆိုနေတာလား...။
Yb...... မဟုတ်ဘူး မား... သားပြောတာ အဲ့လိုသဘောမဟုတ်ဘူး....
W..ma...... အဲ့သဘော မဟုတ်လဲ အဲ့သဘောဖြစ်နေပြီ....။ မင်းအချိန်ပြည့် ကျင်းလင်ကိုဆူပူ ကြိမ်းမောင်းနေတာလေ...။
Yb...... သားက သူ့ကိုကောင်းစေချင်တာလေ မားရယ်...။ သား အကိုတစ်ယောက်အနေနဲ့ ပြောခွင့်မရှိဘူးလား...
W..ma.... မင်းက ဆုံးမနေတာနဲ့ မတူတော့ဘူး နှိမ်နေတာဖြစ်နေပြီ....။
ရိပေါ် မျက်ရည်တွေဝေ့သီလာကာ ပါးပြင်ပေါ်ဖြတ်ဆင်းကုန်တယ်...။ မား ကလဲ ရိပေါ်စေတနာတွေကို နားမလည်ဘူးပဲ.....
Yb...... မားသိလား... တစ်ခါတစ်လေ သားက ကျင်းလင်ဖြစ်လိုက်ချင်တယ်...။ မား သဲသဲလူပ်တာ ခံဖူးချင်လို့...။
W..ma.... မင်းပြောချင်တာ ငါက သားနှစ်ယောက်ကို တန်းတူမဟုတ်ပဲ ကျင်းလင်ကိုပဲ အရေးပေးနေတယ် ထင်တာလား...။ ငါမျှတအောင်ပြောနေတာလေ...။
YOU ARE READING
Magic Love (Complete)
Horrorဘာမှမပြောတော့ဘူး... သိချင်ရင်ဝင်ဖတ် ... .... ..... .... ဒါပဲ😏😏