MaGic Love....Ep (34)
Yb...... အား... ကျိယန်....
အားကုန်အော်ကာ ထ ထိုင်လိုက်တဲ့ရိပေါ်က အသိတွေမနဲဖမ်းယူလို့ကြည့်တော့ အိပ်ယာခန်းထဲမှာပင်....။
စဥ်းစားကြည့်တော့ စခန်းမှာ မူးလဲသွားခဲ့တာပဲ...။ အိမ်မက်ကလဲ ဆိုးလွန်းလိုက်တာ ဘာကြောင့်လဲ ကျိယန်ကိုစိတ်စွဲသွားလို့များလား....
"သားကြီး သတိရလာပြီလား...."
ရိပေါ်တွေးနေရင်း အသံနှင့်အတူ ရေဇလုံနဲ့ တံပတ်စတစ်ခုကိုင်လို့ ရောက်လာတဲ့မားကြောင့် စိတ်တွေစုစည်းလိုက်ရတယ်....
"မား...သားဘာဖြစ်သွားတာလဲ...."
"သားမနေ့က စခန်းမှာမူးလဲသွားလို့ ရဲမူးလာပို့ပေးသွားတာ...။ ဆရာဝန်ကိုအိမ်ပင့်တော့ သားအရမ်းအားနဲပီး ဖျားတာကြောင့်ပြောပြီး အားဆေးတွေချိတ်ပေးသွားတယ် ညနေတစ်ခေါက်ထပ်လာလိမ့်မယ်...."
မားစကားတွေထဲ မနေ့ကတည်းက သတိလစ်တယ်ဆိုတဲ့စကားကြောင့် ရိပေါ်မျက်ဝန်းတွေ ဝိုင်းဆက်ကုန်တယ်။ တစ်ညလုံးနဲ့ အခုထိပေါ့...။ခုဘယ်ချိန်ပါလိမ့်ဆိုကာ နာရီကြည့်မိတော့ ည၉ နာရီ....။ဟင် မဖြစ်ဘူး ဒီနေ့ကလကွယ်ည.....
ရေပတ်တိုက်ပေးနေတဲ့ မားဆီကနေ ထကာ ဖုန်းယူလို့ အလျင်တလို ရွမ်းကော ဆီဆက်ရတယ်....
"မတွေ့သေးဘူးလား ကော...။ "
"အင်း... ခုထိပဲ...။ နေရာနှံ့နေပြီ ရိပေါ်...."
ရိပေါ်ရင်ထဲ ပူလောင်တင်းကျပ်လာရတယ်.....။
"ကော...ခုရိပေါ်ကိုလာခေါ်ပေးပါလား...။ မသေချာပေမဲ့ ကျိယန်ရှိတဲ့နေရာ ရိပေါ်သိနေသလိုပဲ...."
ရိပေါ်စကားကြောင့် ရွမ်းကောက အင်းလို့ဖြေပြီးမှ နေကောင်းပြီမို့လားတဲ့...
"ခုချိုန် ရိပေါထက် ကျိယန်က အရေးကြီးတယ်ကော လာခေါ်ပေးပါ...."
"ခုထွက်လာပြီ အိမ်ရှေ့စောင့်နေရိပေါ်...."
ရိပေါ် အကျီထူတစ်ထည်ဝတ်ကာ အိမ်အောက်ဆင်းခဲ့တော့တယ်။ မားရဲ့ နေမကောင်းသေးလို့အနားယူဦးဆိုတဲ့စကားကို လျစ်လျူရူ့ပြီးတော့ပေါ့....
YOU ARE READING
Magic Love (Complete)
Horrorဘာမှမပြောတော့ဘူး... သိချင်ရင်ဝင်ဖတ် ... .... ..... .... ဒါပဲ😏😏