6

1.8K 135 0
                                    

MaGic Love...... Ep (6)

ရှောင်ကျန့် အစိမ်းရောင်အိမ်လေးရဲ့ရှေ့မှာ စောင့်နေမိတယ်....။
အင်း... လုပ်ချင်တာလုပ်ပြီး ထွက်ပြေးသွားတဲ့ကောင်လေးကိုပေါ့....။

ခနလောက်ကြာတော့ အိပဲ့ပဲ့နဲ့ လျှောက်လာတာတွေ့တာကြောင့် ကားထဲကဆင်းကာ အနားရောက်လာတဲ့ထိ စောင့်နေတယ်.....

ရိပေါ် ဒေါသနဲ့ လုက်ချင်ရာလုပ်ခဲ့ပြီးမှ ပူထူနေမိတယ်...။ Boss ကတော့ အရမ်းစိတ်ဆိုးနေလောက်တယ်လို့လဲ တွေးမိတော့ လန့်လာရတယ်...။ ငိုက်စိုက်စိုက်နဲ့ ပြန်လာတော့ အိမ်ရှေ့မှာ ရောက်နေပါသော Boss...

အိုးဟို မနက်ထိတောင့် မစောင့်နိုင်လောက်အောင် ဒေါသတွေ မိုးထိရောက်နေပြီထင်ပါ့....။ ရုပ်ကိုက ရိပေါ်ကို မတရားငေါက်တော့ဆူတော့မဲ့ မျက်နှာပေးကြီးနဲ့....။ ဒီလူကြီးကလေ ရုပ်တည်ကြီးတောင် ချောနေတုန်းပဲ...။ အမြင်ကတ်ပါ့...။
ငါ့ကိုငေါက်ကြည့်လေ ငါလဲပြန်ပြောပြမယ် ဟွန့်....။ စိတ်ထဲ အပီပြင်ကြုံးဝါးကာ Boss ဆီလျှောက်သွားလိုက်တယ်....

ရှောင်ကျန့် သူ့နားရောက်လာတဲ့ကောင်လေးပါးကိုကြည့်လိုက်တော့ ရဲတွတ်နေတာ အသိသာကြီးမို့ စိတ်တစ်ကယ်မကောင်း...။ ဂျီရာနီ မင်းသိပ်လွန်တယ် လို့လဲ ပြစ်တင်မိသေးတယ်....။

ရှောင်ကျန့် တောင်းပန်တယ်ပြောမို့ ပါးစပ်ဟရုံရှိသေး ရိပေါရဲ့ တရစပ် ကတ်ကတ်လန်မူ့ကြောင့် ပါးစပ်လေးဟလျက် ကြောင်နသွားရတယ်....

Yb........ ဘာလဲ.. ဘာလဲ... ဘာလို့ ဒီရောက်နေတာလဲ...။ လာဆူတာလား..။ မနက်ထိ မစောင့်နိုင်ရအောင် အဲ့လောက် ဒေါသထွက်နေတာလား...။ Boss ပဲ ဒေါသထွက်တာမဟုတ်ဘူး ရိပေါ်လဲ ဒေါသထွက်တယ်...။ ပါးနှစ်ချက်တောင် အရိုက်ခံထားရတာ ။ တစ်ချက်လောက်လေး နမ်းမိတာ ဘာဖြစ်လဲ ။ ရိပေါ်က ကိုယ်ထိလက်ရောက်စော်ကားခံရတာကို တရားမဆွဲတာပဲ ကျေးဇူးတင်....!!

ကဲကြည့် ရှောင်ကျန့် ပြောစရာတွေ ပျောက်ရှကုန်တာ ဆန်းသလား...။

စကားမပြောတော့ပဲ အနားတိုးသွားကာ နီရဲနေတဲ့ပါးလေးတစ်ဖက်ကို အုပ်ကိုင်လိုက်တော့ ဖြူဥလေးက တွန့်သွားကာ ပြူးကြောင်ကြောင်လေးမော့ကြည့်လာတယ်....။

Magic Love (Complete)Waar verhalen tot leven komen. Ontdek het nu