MaGic. Love........EP (38) Final
မင်ဂလာ ကတိသစ္စာအား တရားဟောဆရာရဲ့ရှေ့မှောက်ကျိန်ဆိုကတိပြုနေကြသည့် သတို့သားနှစ်ဦး....
အဖြူနဲ့အနက်စပ်ထားသည့် ဝတ်စုံပြည့်ဖြင့် အင်မတန်မှကြည့်ကောင်းလွန်းလှသလို ပြိုင်စံရှားလဲဖြစ်လိမ့်မည်ထင်....
နဂိုရှောင်မားရဲ့ မင်ဂလာလက်စွပ်လေးက ရိပေါ်ရဲ့ ဘယ်ဘက်လက်သူကြွယ်မှာရှိနေနှင့်ပြီးသလို ရိပေါ်နဲ့ကိုကို့ရဲ့ ချစ်သက်သေတည် လက်စွပ်လေးကတော့ ညာဘက်လက်သူကြွယ်ဆီမယ် အခန့်သားလှပလျက်.....
ပွဲလာဧည့်ပုရိတ်သတ်နှင့် ရိပေါ်တို့နှစ်ဖက်မိသားစုတွေကတော့ဘကြည်နူးမူ့မျက်ဝန်းများနဲ့ သည်လူသားလေးနှစ်ဦးအားဂုဏ်ပြုနေကြလေရဲ့.....
တစ်ဖက်မှာပျော်ရွှင်စရာကောင်းသလောက် အခြားတစ်ဖက်မှာလဲ သံတိုင်တွေကြားအရူးတစ်ယောက်လို အော်ဟစ်နေတဲ့သူလဲရှိနေခဲ့ပါတယ်....
ဒါကြောင့် လောဘဆိုတာ အတောမသတ်နိုင်တဲ့အခါ လူတွေဟာ ပူလောင်မြ်ိုက်ပြီး ရူံးပွဲဝင်ရကာ သေဆုံးတာထက်ဆိုးတဲ့ဘဝမျိုးပိုင်ဆိုင်ရတတ်တယ်။
လောဘ ဒေါသ မောဟ တွေ ကင်းဝေးကြပါစေလား.......
....
....
.....🔺
"ကို.. ကို"
တိုးသဲ့သဲ့အသံလေးက မင်ဂလာဦးအခန်းထဲနေရာယူတယ်။
ရှောင်ကျန့်က ရိပေါ်အပေါ်အုပ်မိုးလို့ ဖြူဝင်းမွတ်နေတဲ့ လည်တိုင် ကြားထဲ မျက်နှာ အပ်ကာ ထားတယ်။ယနေ့ညက မင်ဂလာဦးည ဖြစ်သည့်အလျောက် ဟန်နီးမွန်းမကြိုက်တဲ့ရိပေါ်က အန်တီလေးတို့ စီစဥ်ပေးတဲ့ Hotel ရဲ့သီးသန့်လုံးချင်းအိမ်ရာမှာအခန်းအပ်ဖို့ဖြစ်လာတယ်။
ကိုကိုက ဟန်းနီးမွန်း သွားစေချင်ပေမဲ့ ရိပေါ်က အဲ့လိုတွေသဘောမကျသူမို့ အန်တီလေးက သူ့Hotelမှာပဲ ဟန်နီးမွန်းအစားအခန်းအပ်ရမယ်ဆိုတာကြောင့် ငြင်းမရပဲ ထိုသို့ဖြစ်သွားတယ်။
"ငယ်.......ခု ကိုကို တို့က တစ်ယောက်နဲ့ တစ်ယောက် ပိုင်ဆိုင်ထား တဲ့သူတွေဖြစ်သွားပြီနော်.... "
YOU ARE READING
Magic Love (Complete)
Horrorဘာမှမပြောတော့ဘူး... သိချင်ရင်ဝင်ဖတ် ... .... ..... .... ဒါပဲ😏😏