အပိုင်း(၅)

656 135 22
                                    

မဒမ်ရေးပေးခဲ့သည့်လိပ်စာအတိုင်း ဆူးလ်ဂီလမ်းထဲသို့၀င်လာခဲ့သည်။ သူဌေးများနေထိုင်သည့်ရပ်ကွက်ပီပီ အိမ်ခြေနည်းပြီးတစ်အိမ်နဲ့တစ်အိမ်ဟာဝေးကွာလှသည်။ ဆူးလ်ဂီ ပန်းခင်းတစ်ခုကျော်လာပြီးနောက်
မဒမ်အိမ်ခြံတံခါး၀သို့ရောက်သည်။ မဒမ်ကတိတ်ဆိတ်သည်ကို သဘောကျသည်ထင်ရဲ့လေ။
ရှင်းလင်းနေသည့်လမ်းထဲတွင် လူဆိုလို့ဆူးလ်ဂီတစ်ယောက်သာရှိသည်။

"စာထဲကအိမ်နံပါတ်ကတော့ ဒီအိမ်ပါပဲ။ တိတ်ဆိတ်လွန်းလိုက်တာ"

ခြံတံခါးနှင့်နှစ်ထပ်တိုက်အိမ်ငယ်ဟာ အနည်းငယ်ကွာဝေးလွန်းသည်။

"ဒီကသမီးက ဘယ်သူနဲ့တွေ့ချင်လို့လဲ"

ခြံတံခါးအကွယ်တွင်ပေါင်းပင်ရှင်းနေသည့်
ဦးလေးကြီးက ဆူးလ်ဂီကိုမြင်တော့ထလာမေးသည်။ ဆူးလ်ဂီလည်းစက်ဘီးကိုဒေါက်ချကာ ဦးလေးကြီးအနားသို့သွားလိုက်သည်။

"ဟို မဒမ်ဘယ်ဂျူဟျွန်းနဲ့တွေ့ချင်လို့ပါ"

"ကြိုတင်ချိန်းဆိုထားသလားကွယ်"

"အဲ့လိုတော့မရှိပါဘူး"

အထက်တန်းလွှာတွေရဲ့ "ကြိုတင်ချိန်းဆိုမှုမရှိလျှင်လက်မခံမတွေ့ဆုံ" ဟူသည့်အချက်ကို ဆူးလ်ဂီမေ့သွားခဲ့သည်။ အခုတော့ ခြံပေါက်၀ရောက်နေမှ လှည့်ပြန်ရတော့မလို။ အိမ်တော်မှာတိတ်ဆိတ်နေ၍ မဒမ်ရှိနေသလားလဲ ဆူးလ်ဂီမသိပါ။ မတတ်နိုင်တဲ့အဆုံး လာရာလမ်းအတိုင်းအဆောင်သို့ပြန်ရမည်။ မဒမ်ရဲ့အိမ်က အဆောင်နှင့်မနီးမဝေးမှာရှိ၍တော်သေးဟုဆိုရမည်။ အဆောင်ကနေ၁၅မိနစ်လောက်စက်ဘီးစီးရင် မဒမ်အိမ်သို့ရောက်သည်။

"ဘယ်သူလဲ ဦးလေး"

ဆူးလ်ဂီတို့အနားသို့ အသက်ငယ်ငယ်မိန်းကလေးတစ်ဦးရောက်လာသည်။ ထိုမိန်းကလေးဟာ ဆူးလ်ဂီထက်ငယ်မည်ထင်။ အပြန်လမ်းသို့ဦးတည်နေသည့် ဆူးလ်ဂီရဲ့ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။
စက်ဘီးဒေါက်ကိုပြန်ချရသည်။

"မမလေးနဲ့ တွေ့ဖို့လာတာတဲ့"

"ဟယ် မမလေး ခေါ်ထားတဲ့ဆရာမထင်တယ်။
မမလေးပြောထားပေမဲ့ ဒီနေ့ကပိတ်ရက်ဆိုတော့
မလာလောက်ဘူးထင်နေတာ။ စောင့်နေရလို့ တောင်းပန်ပါတယ်ဆရာမရယ်"

Bring My Soul To The UniverseWhere stories live. Discover now