အပိုင်း(၁၂)

592 118 15
                                    

"ပျော်ရဲ့လား ဂျူဟျွန်း"

"အင်း"

ပန်းခင်းအဆုံးမှာ ခြေဆင်းထိုင်နေတဲ့ဂျုဟျွန်းကခေါင်းငြိမ့်သည်။ အရာအားလုံးကိုမေ့လျော့ပစ်ကာ စိတ်လွတ်ကိုယ်လွတ်ကနေခဲ့တဲ့ ဂျူဟျွန်းကအတောက်ပဆုံးအပြုံးတွေနဲ့။

"မောနေလား ဂျူဟျွန်း။ ကျွန်မရေသွားယူပေးမယ်"

"နေကွယ်"

ထိုင်နေရာမှထတော့မည့် ဆူးလ်ဂီကိုဂျူဟျွန်းကလက်ကိုဆွဲကိုင်လိုက်ရင်း မသွားဖို့တားသည်။ ထို့နောက် မျက်၀န်းတွေကိုမှိတ်ချလိုက်ကာ အေးမြသည့်လေပြည်အေးရဲ့အထိအတွေ့ကိုခံစားနေသည်။

"‌ဆူးလ်ဂီ"

"ရှင်"

"ကျေးဇူးတင်ပါတယ်"

"ဘာအတွက်လဲ ဂျူဟျွန်းရဲ့"

"အရာအားလုံးအတွက်ပါ"

ဆူးလ်ဂီဘာမှပြန်မပြောမိပေမဲ့လည်း ဂျူဟျွန်းကိုကြည့်ရင်းပြုံးမိသည်။ ထိုအခါ ဆူးလ်ဂီဘက်ကိုမျက်နှာမူလိုက်တဲ့ ဂျူဟျွန်းရဲ့အကြည့်ချင်းဆုံသည်။

"ဂျူဟျွန်း ခဏနော်"

"အင်း"

ဆူးလ်ဂီရုတ်တရက်ကိစ္စတစ်ခုကိုစဉ်းစားမိ၍ ဂျူဟျွန်းကို ချယ်ရီပင်အောက်တွင်ခဏထားခဲ့သည်။ ဆယ့်ငါးမိနစ်လောက်ကြာပြီးမှ ဆူးလ်ဂီပြန်ရောက်လာသည်။

"ဂျူဟျွန်း"

"ဟင်...ကျူးလစ်ဝါတွေ"

အ‌နောက်မှတိတ်တဆိတ်ပြန်ရောက်လာတဲ့ဆူးလ်ဂီက
ဂျူဟျွန်းအတွက် ကျူးလစ်ဝါပန်းတစ်ချို့ယူလာသည်။
ပန်းစည်းကိုဂျူဟျွန်းလက်ထဲကမ်းပေးလိုက်တော့
တအံ့တဩနဲ့ဆူးလ်ဂီကိုကြည့်သည်။ ပန်းခူးယူခွင့်မရှိသည်ကိုသိသော်လည်း ဂျူဟျွန်းအတွက်ခွင့်တောင်းကာ ခူးယူလာခဲ့သည်။

"လှလိုက်တာ"

"ဂျူဟျွန်းထက်တော့လှနိုင်ပါ့မလား"

ဆူးလ်ဂီထိုသို့ပြောတော့ ဂျူဟျွန်းကခပ်ဟဟရယ်သည်။

"ဟောကြည့် ရယ်ပြန်ပြီ"

ဂျူဟျွန်းအနား ထိုင်ချလိုက်ရင်းဆူးလ်ဂီပြောတော့
ဂျူဟျွန်းကထိပ်လန့်သွားသလို။

Bring My Soul To The UniverseWhere stories live. Discover now