"စောင့်ရတာကြာနေပြီလား"
"မကြာသေးပါဘူး မဒမ်ရဲ့။ အခုလေးတင်ရောက်တာပါ"
ကားပေါ်မှဆင်းလာလာချင်း မဒမ်မေးလာသည့်စကား။ ဆူးလ်ဂီ ရုပ်ရှင်ရုံရှေ့တွင့်စောင့်နေသည်မှာကြာနေပြီဖြစ်သော်ငြား မုသားဆိုလိုက်သည်။ ကိုယ်တိုင်လည်းစိတ်လောနေသောကြောင့် ကြို၍စောင့်နေခြင်းလည်းဖြစ်သည်။
"အလုပ်ကိစ္စဖြတ်မရလို့ ကြာသွားတာရယ်။ တို့ကတောင်းပန်ပါတယ်"
"မဟုတ်တာ။ မဒမ် တောင်းပန်စရာမလိုပါဘူး"
"ဘာလိုပဲဖြစ်ဖြစ် တို့ကနောက်ကျတဲ့သူလေ။
စောင့်နေရကြာတဲ့သူကို တောင်းပန်သင့်တောင်းပန်ရမှာပေါ့""ဟုတ်ကဲ့"
"သွားရအောင်"
မသွားခင် ပဝါဖြူနှင့်စည်းနှောင်ထားသည့်ဆံပင်တို့ကို ဖြည်ချလိုက်သည်။ ထို့နောက်ပဝါကိုလက်ကိုင်အိတ်တွင် ချည်နှောင်လိုက်သည်။
"ယောင်းလေးက ဆူယောင်းတို့ရဲ့ ကစားကွင်းထဲမှာ"
"ယောင်းလေးက ဆူးလ်ဂီသူငယ်ချင်းတွေနဲ့အဆင်ပြေရဲ့လား"
"ပြေလွန်းနေတာမဒမ်ရဲ့။ ဆူယောင်းတို့အားလုံးကလည်း ယောင်းလေးကိုချစ်သလို ယောင်းလေးကလည်းရင်းနှီးလွယ်တော့အဆင်ပြေတယ်"
"တော်သေးတာပေါ့။ အဆင်မပြေမှာ တို့ကစိုးရိမ်နေတာ"
ကစားကွင်းတွင် ကလေးများသာဆော့ကစားရသောနေရာတွင် ဆူယောင်းတို့သုံးယောက်စလုံးပါရှိနေသည်။ "အသက်ဆယ်နှစ်အောက်ကလေးများသာ"ဟုသည့် အသိပေးစာတန်းက ဆူယောင်းတို့အတွက်အရေးမပါသလိုပင်။ ကလေးတွေနဲ့အပြိုင်ခုန်ပေါက်နေသော ထိုသူသုံးယောက် ဘယ်လိုလုပ်၍အထဲသို့ရောက်နေလည်း ဆူးလ်ဂီလည်းမသိတော့ပါ။ ဆူးလ်ဂီတို့ကိုတွေ့သောကြောင့် ကစားနေရာမှထွက်လာကြသည်။
"ဟျွန်းနီ..."
ချယ်ယောင်းလေးက အသံရှည်ဆွဲခေါ်ကာ မဒမ်ရှိရာပြေးလာသည်။
"ချွေးတွေတောင်ထွက်နေပြီပဲ"
မဒမ်သည် အိတ်ထဲမှလက်ကိုင်ပဝါကိုထုတ်ကာ ယောင်းလေးနံဖူးထက်မှချွေးစတို့ကိုသုတ်ပေးသည်။
YOU ARE READING
Bring My Soul To The Universe
Fanficဘေးဘီကိုလှည့်ကြည့်ပါဦး ဂျူဟျွန်းရဲ့... ဂျူဟျွန်းကြောင့်ငိုနေတဲ့ပန်းတွေကို တစ်ခါလောက်နှစ်သိမ့်ပေးလှည့်ပါဦးလား။ ချစ်ခြင်းမေတ္တာတွေကို မျက်ကွယ်ပြုထားတာသိပေမဲ့ ပန်းကလေးတွေအပေါ်တော့ မရက်စက်သင့်ပါဘူးကွယ်။