အပိုင်း(၁၇)

585 107 44
                                    

မဖတ်ခင်ပြောချင်တာက ဂျူဟျွန်းအတိတ်ကိုပြောပြထားတဲ့အတွက် သေချာလေးဖတ်စေချင်ပါတယ်။ ကိုယ်တိုင်လည်းမရှင်းရှင်းအောင်ရေးထားတဲ့အတွက် နားမလည်တာရှိရင် comment မှာမေးလို့ရပါတယ်။

                         * * *

"ဘယ်"

"မခေါ်နဲ့ ၀မ်"

ဒေါသကြောင့် "ဘယ်"ရဲ့အသံတွေဟာ နူးညံမှုမရှိ။
လက်ကိုင်အိတ်ကို ဆိုဖာပေါ်ပစ်တင်လိုက်တဲ့ ဘယ့်လက်မှာသွေးရောင်လွမ်းနေသည်။ အပြန်လမ်းတစ်လျောက် ဒေါသစိတ်ကြောင့်အိတ်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားသည်ကို ဆွန်း၀မ်သိသည်။
"ဘယ်"နဲ့ဖေဖေတို့နဲ့တွေ့ဆုံပြီးသည့်အခါ ဆွန်း၀မ်ထင်ထားသလို ဖြစ်မလာခဲ့။ ဖေဖေနဲ့"ဘယ်"ဟာ
သိနှင့်နေခဲ့ပြီး ကောင်းမွန်သည့်ဆက်ဆံရေးမရှိသည်ကိုသိရတော့ ဆွန်း၀မ်ရွေးချယ်စရာဖြစ်လာသည်။

"၀မ့် ကိုကိုရဲ့လက်ထပ်ပွဲကိုဖျက်သိမ်းခိုင်းပေးပါ"

ကိုကိုလက်ဆက်မည့်သတိုးသမီးဟာ ဘယ့်ရဲ့အမြွှာအစ်မတဲ့။
ဆွန်း၀မ်လည်းမထင်မှတ်ထားသလို မိသားစုနဲ့အဆက်အသွယ်မလုပ်သည့် ဘယ်ကိုယ်တိုင်လည်းမသိရ။ သို့သော်လည်း ဘယ့်တွင်အမြွှာအစ်မရှိသည်ကိုတော့ ဆွန်း၀မ်သိသည်။ဆွန်း၀မ်မတွေ့ဖူးသော်လည်း တစ်နှစ်လျှင်နှစ်ခါလောက်တော့ ပါရီမှာရှိသည့်ဘယ့်ကိုလာတွေ့သည်။ ထိုအချိန်ဆို "ဘယ်"ကသူတစ်ယောက်တည်းသာ သီးသန့်တွေ့တတ်သည်။

"ဒါ ၀မ် တတ်နိုင်တဲ့အရာမဟုတ်ဘူးလေ ဘယ်ရယ်"

လူကြီးစုံရာမိတ်ဆက်ပွဲတွင် မိသားစုကိုထားရစ်ခဲ့ပြီး ဘယ့်ကိုရွေးချယ်ခဲ့သည်။သို့သော် "ဘယ်" တောင်းဆိုသည့်အရာကို ဆွန်း၀မ်အနေနဲ့မဖြည့်ဆည်းနိုင်။ ဒါဟာ ကိုကိုဘ၀။
ပါရီသို့ကျောင်းလာတက်သည့် အချိန်ကတည်းက မိသားစုကိုတောင်အချိန်မပေးဘဲ ဘယ့်အနားမှာနေခဲ့တာ။ လက်ထပ်ပွဲဖျက်သိမ်းဖို့အတွက် ဆွန်း၀မ်ဘယ်လိုပြောထွက်ပါ့မလဲ။

"ခလွမ်...."

ဘယ့်ရဲ့ဒေါသတွေက စားပွဲပေါ်မှာ၀င့်ကြွားစွာ
လှလှပပနေရာယူထားသည့် ပန်းအိုးပေါ်ကိုကျရောက်သွားသည်။ ဖန်ကွဲစတွေနဲ့အတူ ကြမ်းပြင်ပေါ်မှာရှိနေတဲ့ ကျူးလစ်ဝါတွေကမမြင်ရက်စရာ။ ကိုရီးယားကိုပြန်လာခဲ့သည်ကမှားယွင်းခဲ့သည်ဟု ဆွန်း၀မ်ပထမဆုံးခံစားမိခြင်းဖြစ်သည်။

Bring My Soul To The UniverseWhere stories live. Discover now