အပိုင်း(၁၁)

616 116 21
                                    

"မဒမ်"

"ဟင်"

ဆိုဖာပေါ်မှာခြေချိတ်ရင်းစာဖတ်နေတဲ့မဒမ်က ဆူးလ်ဂီခေါ်သံကြောင့် ‌လှည့်ကြည့်သည်။ ပုံဆွဲလေ့ကျင့်နေရင်း ချယ်ယောင်လေးအပေါ်ဆေးမှောက်ကျသွားသောကြောင့် ယွန်းဟီမှသန့်ရှင်းရေးလုပ်ပေးရန် ခေါ်သွားသည်။ ဧည့်ခန်းအတွင်း ဆူးလ်ဂီနဲ့မဒမ်သာကျန်ခဲ့ပြီး ဆူးလ်ဂီစကားစမလာခင်အထိ အပ်ကျသံမျှပင်မကြားရပါ။ မဒမ်ကတော့ဖတ်ပြီးသားစာအုပ်တစ်အုပ်ကိုသာ ထပ်တလဲလဲဖတ်ရသည်ကို သဘောကျသည်ထင်။

"တို့အရင်ပြောစရာရှိတယ်"

"ရှင် ဟုတ်ကဲ့"

ပြောရင်းဆိုရင်း ဆူးလ်ဂီထိုင်နေရာသို့ဦးတည်လာသောမဒမ်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမလဲမသိ။ ထိုင်ရမလိုထရမလို။

"တို့ကို မဒမ်လို့ မခေါ်ပါ့နဲ့လား"

ရုတ်တရက်ကြီးနာမ်စားပြောင်းလဲခေါ်ခိုင်သော မဒမ်ကြောင့် ဆူးလ်ဂီခဗျာကြောင်အမ်းအမ်း။ မဒမ်ကိုမဒမ်လို့မခေါ်ရင် ဆူးလ်ဂီဘယ်လိုခေါ်ရမလဲ။ ကိုယ့်ထက်ဆယ်နှစ်လောက်ကြီးသည့်သူကို ဘယ်လိုမျိုးအမည်ခေါ်ရပါ့။ ယွန်းဟီခေါ်သလို မမလေးဆိုရင်ရော။ မဟုတ်မှ "ဂျူဟျွန်း" လို့များခေါ်ရရင် ဆူးလ်ဂီတော့တစ်ခါခေါ်တိုင်းအကြိမ်ကြိမ်ပင်လယ်ထဲခုန်ဆင်းရတော့မှာပဲ။ တွေးကြည့်ရုံနဲ့တင် ရင်ထဲတလှပ်လှပ်ရယ်။

"ဘာအကြောင်းပြများရှိလို့လဲ သိခွင့်ရမလား"

"ဘာရယ်လို့မဟုတ်ပါဘူး။ မင်းအဲ့လိုခေါ်တိုင်း
တို့အသက်ကြီးနေတယ်လို့ခံစားရလို့။ တကယ်ဆို တို့ကသုံးဆယ်ကျော်ရုံလေးပါ။ လူ့ဘ၀ရဲ့အစကအသက်လေးဆယ်မှလို့တောင် ပြောကြသေးတာပဲ မဟုတ်ဘူးလား"

မဒမ်ရဲ့အကြောင်းပြချက်ကြောင့် ဆူးလ်ဂီရယ်ရမလို။
အသက်သုံးဆယ်အရွယ်နဲ့မလိုက်‌သည့် နုပျိုမှုတွေရှိနေသေးတာ မဒမ်သိကောင်းပါရဲ့။ မဒမ်ဟာပန်းကလေးနဲ့အပြိုင်လှနိုင်သေးတာပဲ။

"မဒမ်ကအသက်သုံးဆယ်ဆိုတာ ဘယ်သူမှယုံဖွယ်ရာမရှိတဲ့အထိ လှနေတုန်းပါ"

မဒမ်ရဲ့မျက်ခုံးတစ်ဖက်ဟာပင့်တက်သွားပြီး ပြုံးရိပ်သန်းသွားသည်။

Bring My Soul To The UniverseWhere stories live. Discover now